10 w - Translate

မုံရွာမြို့နယ်ထွက် မိုးနေကြာ တစ်ဧက တင်း(၂၀) ကျော်ထွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် စိုက်ပျိုးသည့် မိုးနေကြာများ တစ်ဧက တင်း(၂၀) ကျော်ထွက်ရှိကြောင်း နေကြာစိုက်တောင်သူများထံက သိရသည်။

"မိုးနေကြာကို အောက်တိုဘာ (၁)ရက်ကစတင် ရိတ်သိမ်း နေပါတယ်။ တစ်ဧက တင်း (၂၀) ကျော်ထွက်ပါတယ်"ဟု နေကြာစိုက်တောင်သူက ပြောသည်။

မိုးနေကြာများ စိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းသည့် စပ်မျိုး - ၁၊ ဆင်းရွှေကြာ -၂ နေကြာမျိုးများကို စံကွက်များ၊ စမ်းသပ်ကွက်များ စိုက်ပျိုး၍ မျိုးကောင်းမျိုးသန့်ရရှိရေးတို့အတွက် ဆောင်ရွက်စိုက်ပျိုးခြင်းဖြစ်သည်။

စံကွက်များ၊ စမ်းသပ်ကွက်များစိုက်ပျိုး၍ ပိုးမွှားရောဂါများ ကျရောက်မှု မရှိစေရေး ကြိုတင်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများကိုလည်းလိုက်နာကျင့်သုံးသည့်အတွက် အထွက်နှုန်းပိုမိုကြောင်းလည်းသိရသည်။

မုံရွာမြို့နယ်တွင် မိုးနေကြာ ၉၄၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ပြီး ယ‌နေ့အချိန်အထိ ၂၅၉ ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်းသိရသည်။

image