3 w - Translate

ရေဘေးသင့် အင်းလေးဒေသတွင် လေပြင်းကြောင့် နေအိမ်များ ပျက်စီးရပြန်

ရေကြီးနစ်မြုပ်မှုများကြောင့် ပြန်လည်ထူထောင်ရေးပြုလုပ်နေရသည့် အင်းလေးဒေသတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၄၀)ကျော် ပျက်စီးခဲ့ရကြောင်း သိရသည်။

မိုးသည်းစွာရွာသွန်းပြီး လေပြင်းတိုက်သောကြောင့် ကံရွာနှင့် ကုနုရွာအပါအဝင် အင်းအတွင်းရှိသည့် ရွာတချို့က နေအိမ်များ အမိုးလန်ပျက်စီးခြင်းများအပြင် လုံး၀ပြိုကျသွားသည့် အိမ်များလည်း ရှိနေကြောင်း ဒေသခံများကလည်း ပြောသည်။

" အမိုးလန်သွားတဲ့ အိမ်တွေက တော့ ကိုယ်ထူကိုယ်ထ ပြန်ပြင်နေကြတယ်" ဟု ဒေသခံတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလကစ၍ အင်းလေးဒေသတွင် ယာဂီမုန်တိုင်းအရှိန်ကြောင့် ရွာပေါင်း (၁၇၀) ခန့် ရေဝင်နစ်မြုပ်ခဲ့ပြီး နေအိမ်များစွာ ရေကြီးနစ်မြုပ်မှုဒဏ်ကို ခံစားခဲ့ရခြင်း ဖြစ်သည်။

image