ဆောင်းဦးပန်းတွေပွင့်ပြီဆိုတာနဲ့
မောင့်ကို လွမ်းမိတဲ့စိတ်က လွှင့်ရပြီလေ
ဒီညနေမှ ခလုတ်ခဏခဏတိုက်တယ်
မောင်လဲ ကျွှန်မကိုသတိရနေတယ်ထင်ပါရဲ့
မေတ္တာရေတိမ်ဝသူတွေကြားမှာ
ကျွှန်မတစ်ယောက်ထဲ လှော်ခက်တိုင်း
မောင့်ကို လွမ်းမိပါတယ်
မောင်ဆိုတာ နာမ်စားလေးတစ်ခုဆိုပေမယ့်
ခမ်းနားထည်ဝါမှုမရှိရင်တောင်
နွေးထွေးလုံခြုံမှုအပြည့် ပေးခဲ့ဖူးတာအမှန်ပါ
တိုက်ဆိုင်တာမဟုတ်ပေမယ့်
ဒီလိုအချိန်ရောက်တိုင်း လွမ်းစိတ်နဲ့တမ်းတမိသူမို့
မေ့မသွားသော်လည်း မေ့ထားရခြင်းရဲ့
နောက်ကွယ်မှာ
မျက်ရည်ဝနေတဲ့ ဂွမ်းစလေးလို
ပူလောင်မှုတွေရှိပေမယ့် အခုထိ မီးမကျွမ်းသေးပဲ
သတိရတိုင်း လွမ်းနေဆဲပါမောင်,,,
နေခ/စာတိုက်ပုံး