27 w - Translate

🌙 ဆိတ်ဖလူးပန်း(Night flowering jasmine)🌙

နေကြာပန်းတွေက နေမင်းကိုချစ်လို့ နေမင်းကိုပဲကြည့်ပြီး ရှင်သန်တယ်ဆိုရင် ဆိတ်ဖလူးပန်းတွေကတော့ နေမင်းကိုချစ်လို့ နေမင်းကိုမကြည့်နိုင်တော့တဲ့ ပန်းတွေပဲဖြစ်မယ်။ လောကမှာ ဘယ်အရာမဆိုလွန်ကဲလာတဲ့အခါ မကောင်းတဲ့သဘောကိုဆောင်သွားတတ်တယ်။ လူတွေပြောကြသလို ချစ်လွန်းလို့ရူးတော့မယ်ဆိုတာမျိုးပေါ့။ ဒီနေ့တော့ ဂရေ့က ဒီသဘောတရားနည်းနည်း ပျော်၀င်နေတဲ့ ပန်းလေးတစ်မျိုးအကြောင်းပြောပြပါမယ်။ ဆိတ်ဖလူးပန်းလို့ခေါ်ကြတဲ့ ပန်းလေးပါ။ ရိုးတံလိမ္မော်ရောင်လေးနဲ့ စံပါယ်ပန်းနဲ့ခပ်ဆင်ဆင်ပန်းလေးပေါ့။ Parijat flowerလို့ခေါ်ကြပြီး Night flowering Jasmineလို့လည်း လူသိများပါတယ်။
(ဗဟုသုတအနေနဲ့ ညမွှေးပန်းကို Night Blooming Jasmineလို့ခေါ်ပါတယ်။)

imageimage