3 w - Translate

နိုဝင်ဘာ ၆ ရက်မှ ၈ ရက်အတွင်း မိုးကြီးပြီး လေပြင်းတိုက်နိုင်ဟု မိုး၊ဇလ မှ အထူးမိုးလေဝသသတင်းထုတ်ပြန်

နိုဝင်ဘာ ၅၊ ၂၀၂၄

လာမယ့် နိုဝင်ဘာ ၆ ရက်မှ ၈ရက် အတွင်း ဒေသ အလိုက် မိုးကြီးခြင်းနှင့်အတူ လေပြင်းတိုက်ခတ် ခြင်း တွေ ဖြစ်ပေါ်နိုင်တယ်လို့ နိုဝင်ဘာ ၄ ရက် ညပိုင်းမှာ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန က အထူးမိုးလေဝသ သတင်းထုတ်ပြန်လိုက်ပါတယ်။

နိုဝင်ဘာ ၄ ရက် ညနေ ၄ နာရီ ၃၀ မိနစ် တိုင်းထွာချက် တွေ အရ တောင်တရုတ်ပင်လယ်ပြင်မှ ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေ ကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာတဲ့ လေအေးများ တွေ့ဆုံမှုကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာမယ်လို့ဆိုပါတယ်။

ဒါကြောင့် နိုဝင်ဘာ ၆ရက်ကနေ ၈ရက် အတွင်း ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်း ဒေသကြီးတို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့ မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသ တွေ မှာ ဒေသ အလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစတဲ့ သဘာဝဘေးအန္တရာယ် တွေ ဖြစ်ပေါ်နိုင်တဲ့ အတွက် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူတွေ အနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်ကြသူတွေ အနေနဲ့ ရေကြီး၊ ရေလျှံမှုကို ကြိုတင်သတိပြုရှောင်ရှားရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အကြံပြုထားပါတယ်။

#updatenews
#crd

image