ရေလွှမ်းမိုးမှုဇုန်သို့ လာရောက်သည့် စပိန်ဘုရင်ကို လူအုပ်ကြီးက ရွှံ့များဖြင့် ပစ်ပေါက်
စပိန်ဘုရင် ဆဌမမြောက် Felipe နှင့်အဖွဲ့ဝင်များ ရေလွှမ်းမိုးခံရသည့် ဒေသများသို့ သွားရောက်လည်ပတ်စဉ် Paiporta မြို့သို့အရောက် ရေလွှမ်းမိုးမှုဒဏ်ခံရသော ဒေသခံများက ရွှံ့များဖြင့်ပစ်ပေါက်ခဲ့ကြသည်။
ဒေါသကြီးနေသော လူအုပ်ကြီးကို ငြိမ်သက်သွားစေရန် ကြိုးပမ်းခဲ့သော်လည်း မရခဲ့သဖြင့်ဘုရင်၏ Paiporta မြို့ ခရီးစဉ်ကို ခေတ္တရပ်ဆိုင်းခဲ့ရသည်။
စပိန်နိုင်ငံ မိုးလေဝသအေဂျင်စီက အောက်တိုဘာ ၂၉ ရက်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နိုင်ငံတစ်ဝန်းရှိ ဒေသအသီးသီးအတွက် မိုးလေဝသသတိပေးချက် ထုတ်ပြန်ခဲ့သည်။ အထူးသဖြင့် မိုးရွာသွန်းမှု ပြင်းထန်သည့် စပိန်တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများတွင် အန္တရာယ်အဆင့်ကို အမြင့်ဆုံးသို့ တိုးမြှင့်ခဲ့သည်။ စပိန်နိုင်ငံ အရှေ့ပိုင်း ဗလင်စီယာပြည်နယ်သည် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်မှုအများဆုံးဖြစ်သည်။ ယခုအချိန်အထိ ေ-သဆုံးသူ ၂၂၀ ဦးရှိပြီဖြစ်ပြီး ပျောက်ဆုံးသူများကို ရှာဖွေနေဆဲဖြစ်သည်။