3 w - Translate

ငါလည်း တစ်ခါတစ်လေတော့ အတူရှိချင်တဲ့သူနဲ့ အတူရှိခွင့်ရချင်တယ်.
ဘာကိုမှမတွေးနေပဲ အတိတ်တွေ အနာဂတ်တွေကို ဖယ်ထားပြီး အတူရှိနေတဲ့ အခိုက်အတန့်လေးမှာပဲ တစ်စုံတစ်ယောက်ရဲ့ ပခုံးစွန်းကိုနမ်းရှိုက်ရင်း မြစ်ကမ်းတစ်ဖက်က မီးရောင်တွေကိုကြည့်နေချင်တယ်.
တာ၀န်တွေ လောဘတွေ အတ္တတွေနဲ့ မာနတွေကို ဖယ်ချနိုင်ခဲ့ရင် သိပ်ကောင်းမယ်.
ချစ်တယ်ဆိုတာ အပြန်အလှန်ထပ်တူညီမှ နား၀င်ချိုမယ့်ကဗျာပဲ.
ပိုချစ်ရတဲ့သူလည်း မဖြစ်ချင်တော့သလို ပိုအချစ်ခံရမယ့်သူလည်း မဖြစ်ချင်တော့ဘူး.

ဒါပေမဲ့ တစ်ခါတစ်လေတော့ အတူရှိချင်တဲ့သူနဲ့ အတူရှိခွင့်ရချင်တယ်...🤎

credit to original writer
photo credit
17102024

image