နောက်ဆိုရင်...
စကားတွေအများကြီးပြောပြီး
ခင်ဗျားကို စိတ်ပူနေမယ့်
ကောင်မလေး
ခင်ဗျားအနားမှာ ရှိနေတော့မှာမဟုတ်ဘူး ။
ကျွန်မ ဟိုးအဝေးကြီးကပဲ
လွမ်းနေမယ့် လမ်းကိုရွေးပါတယ် ။
ဂရုစိုက်နော်...
အစစအရာရာပေါ့...
အခု နေသလိုမျိုး အရမ်းကြီးလဲ မပေတေနဲ့
ကိုယ့်ကိုယ်ကိုယ်လဲ ပစ်မထားနဲ့
ခင်ဗျားကို
ချစ်ခဲ့ဖူးတယ်ဆိုတာကိုတော့
ယုံပါ ။
#ကျေးကို