3 w - Translate

🚨🗣️ယူနိုက်တက်သံတမန်ရာထူးမှ ထုတ်ပယ်ခြင်းခံရပြီးနောက် နောက်ထပ် အလုပ်တစ်ခုမှ နုတ်ထွက်လာတဲ့ ဆာအဲလက်စ်ဖာဂူဆန်
=======================
ဆာအဲလက်စ်ဖာဂူဆန်ဟာ ယူနိုက်တက်သံတမန်ရာထူးမှ ထွက်ခွာခဲ့ရပြီးနောက် ရက်သတ္တပတ်အနည်းငယ်အကြာတွင်ပင် နောက်ထပ် အလုပ်တစ်ခုမှ နုတ်ထွက်လာပါတယ်။

ယူနိုက်တက်ပူးတွဲပိုင်ရှင် ဆာဂျမ်ရက်ကလစ်ဖ်ဟာ အသုံးစရိတ်လျှော့ချတဲ့အနေဖြင့် တစ်နှစ်လုပ်ခ ပေါင် ၂ သန်းပေးနေရတဲ့ ဆာအဲလက်စ်ဖာဂူဆန်အား သံတမန်ရာထူးမှ ထွက်ခွာစေခဲ့ပါတယ်။

ဂန္ထဝင်နည်းပြဟာ ယူနိုက်တက်အဝတ်အစားလဲခန်းအတွင်းသို့လည်း ဝင်ရောက်ခွင့် ပိတ်ပင်ခြင်းခံခဲ့ရပါတယ်။ ယင်းဖြစ်ရပ်ကြောင့် ယူနိုက်တက်ကစားသမားဟောင်းတို့က ကလပ်တာဝန်ရှိသူများရဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်မှု ပြုလုပ်ခဲ့ကြပါတယ်။

ယခုအခါ ဆာအဲလက်စ်ဖာဂူဆန်ဟာ သူတည်ထောင်ထားတဲ့ ACF Sports Promotions Ltd ရဲ့ ဒါရိုက်တာရာထူးမှ နုတ်ထွက်လာကြောင်း The Mirror ရဲ့ ဖော်ပြမှုအရ သိရပါတယ်။

ACF Sports Promotions Ltd ကုမ္ပဏီဟာ ပိုင်ဆိုင်မှုနှင့် ရင်းနှီးမြှပ်နှံမှု ပေါင် ၂၄.၃ သန်းအထိ ရှိတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

၎င်းတို့ဟာ အားကစားအမှတ်တရပစ္စည်း ပေါင် ၂ သန်းဖိုး ပိုင်ဆိုင်ထားသလို အရန်ငွေသား ပေါင် ၅.၁ သန်း ရှိပါတယ်။ ဒါ့အပြင် ရင်းနှီးမြှပ်နှံမှု ပေါင် ၁၉ သန်းလည်း ပြုလုပ်ထားပါသေးတယ်။

ဆာအဲလက်စ်ဖာဂူဆန်ဟာ အဘာဒင်းကို ကိုင်တွယ်စဉ်တုန်းက ယင်းကုမ္ပဏီကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

သူဟာ အောက်တိုဘာလ ၂၉ ရက်နေ့တုန်းက နုတ်ထွက်ခဲ့တာ ဖြစ်ပြီး ယင်းနေ့မတိုင်မီ တစ်ရက်တွင် သားများဖြစ်ကြတဲ့ ဂျေဆင်နဲ့ ဒါရင်းတို့လည်း နုတ်ထွက်ခဲ့ကြပါတယ်။

ဖာဂူဆန်ရဲ့သားများထဲမှ တစ်ဦးဖြစ်တဲ့ မတ်မှာမူ ယင်းကုမ္ပဏီတွင် ဒါရိုက်တာအဖြစ် ဆက်ရှိနေတုန်း ဖြစ်ပါတယ်။ သူဟာ ယင်းကုမ္ပဏီတွင် ၁၂ နှစ်ကြာ ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်လာသူလည်း ဖြစ်ပါတယ်။

ဖာဂူဆန်ရဲ့ ဇနီးသည်လေဒီကေသီမှာလည်း ပြီးခဲ့တဲ့နှစ်က မကွယ်လွန်မီအထိ ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်လာတာပါ။

image