ဆိတ်ရိုးကုလားပဲဟင်း
ကုလားပဲကို ညကထဲက ဆန်ချိန်ခွက် ၂ ဗူးရေစိမ်ထားပါတယ် ပဲကို ရေနွေးထည့်ပြီး ပဲမြှပ်အောင်ရေထည့်တည်ပေးပါတယ် အရေးကြီးဆုံးက ဆားမထည့်ပါနဲ့နော်။
ဆားထည့်ရင် မနူးတတ်ပါဘူး ပဲနူးရင် ရေစင်အောင်ဆေးလိုက်ပါတယ်ပဲအနှစ်တွေ မကြိုက်လို့ပါနော်။
ဆိတ်သားကို မငြီအောင် ဆားဆနွင်းထည့်ဆေးပြီး ရှလကာရည် ဆန်ချိန်ခွက်တခွက်ထည့်ပြီး နှံ့အောင် နယ်ပေးပြီး ၅မိနစ်လောက် ရှလကာရည်နဲ့ နှပ်ပေးထားပါ။
ပြီးရင် ရေနဲ့စင်အောင်ဆေးပြီး ဂျင်း အချိုမှုန့်၊ငံပြာရည်နဲ့ မဆလာရောနယ်နှပ်ထားတာပါ ၁နာရီလောက်နှပ်ထားတာပါ။
ဆီ ဟင်းချက်ဇွန်း ၂ ဇွန်းထည့်ပြီး ကြက်သွန်ဖြူနီဂျင်း ငရုတ် သီးစိမ်းမှုန့်နဲ့ ဆိတ်သားကို ဆီသတ်ပါတယ် ဆီနာနာသတ်ပြီး ဆိတ်သားမြှပ်အောင် ရေ ၂ရည်ထည့်တည်ပေးပါ။
ကျွန်မက ရေ ၃ရေထည့်တည်ပါတယ် နူးအိနေတာကြိုက်လို့ပါ ရေကုန်ခါနီး ဆီပြန်နေရင် ပြုပ်ထားတဲ့ ကုလားပဲကိုထည့်ပြီး ဆူပွက်လာရင် မန်းကျည်းရည်အနည်းငယ်နဲ့ ဆိတ်သားမ ဆလာ ခတ်ပေးလိုက်ရင် အရသာလဲရှိ မွှေးလဲမွှေးတဲ့ ဆိတ်ပဲချက်ရပါပြီ။
ပျင်းတော်သိမ်နဲ့ ငရုတ်သီးခြောက်ကို ကြိုက်ရင်ဆီသတ်ပြီး ခတ်လို့ရပါတယ်နော်။