3 w - Translate

ငါးရှဉ့်တောချက်

ချက်နည်းထက် ငါးရှဉ့်ဝယ်နည်းနဲ့ ကိုင်နည်းက ပိုပြီး အဓိက ကျမယ်ထင်ပါတယ်။ ချက်တာမခက်ပါဘူး လွယ်လွယ်လေးပါ။

ဈေးထဲမှာ ငါးရှဉ့် ဝယ်ဖို့ဆိုရင်( ကျော်အကြိုက်ကိုပြောတာပါ)
မကြီးလွန်း မသေးလွန်း အဝါရောင်သန်းတဲ့ အကောင်လေးတွေကို ရွေးဝယ်လေ့ရှိပါတယ်
ကျောပေါ်မှာ အစက်အပျောက်တွေ များတဲ့ ကောင်တွေက မွေးမြူရေးငါးရှဉ့်တွေ ဖြစ်တက်ပါတယ်။
မွေးမြူရေးဆိုတဲ့အတွက် သဘာဝအရ ကြီးထွားရှင်သန်ခြင်း သဘာ၀ အစားအစာတွေ စားသောက်ချင်မဟုတ်တဲ့အတွက် သိပ်မချိုသလိုပါ (ကိုယ်အထင်ပါ)
ငါးရှဉ့်မဲမဲ အကောင်ကြီးကြီးတွေကို မကြိုက်ပါဘူး အဲ့ဒီကောင်တွေက * အသားကြီးကြီးတွေစားပြီး *
ကြီးထွားလာလို့ပါ။ငါးရှဉ့်ခြောက်စပ် လုပ်စားဖို့အတွက်ဆိုရင်တော့ အသားများများထွက်တာပေါ့၊ ဒါပေမယ့် ကျွန်တော် ကတော့ (လုံးဝ) မကြိုက်လို့ပါ။
နောက်ပီး ငါးရှဉ့်ကို ဗိုက်ခွဲထားတာ ခေါင်းဖြတ်ထားကို မဝယ်ပါဘူး။ စဉ်းလုံးချော ကို ဘဲရွေးဝယ်ပါတယ်။
ဒါကတော့ ကျွန်တော်ရဲ့ငါးရှဉ့် ရွေးချယ်ဝယ်နည်းပါ။

ငါးရှဉ့်ကိုင်နည်းကတော့ ခုနက ပြောတဲ့ ဗိုက်မခွဲ၊ ခေါင်းမဖြတ်တဲ့ ကောင်ကို ကိုင်ဖို့အတွက် ပိုလွယ်လို့ပါ။
ကိုင်နည်းတွေကတော့
- ဖွဲပြာ/စက်ပြာ (စပါးခွံ့ကို မီးရှို့ပြီး ကျန်တဲ့ မဲမဲပြာအချောင်းလေးတွေပါ) မြို့ကြီးသားတွေမသိမှာစိုးလို့
- ရှာလကာရည် (Vinegar)
- မကျီးသီးမှည့်၊ နနွင်း၊ ဆား
တခြားနည်းတွေလဲရှိပါလေ့မယ် ကိုယ်သိတဲ့နည်းနဲ့ ကိုယ်သုံးတဲ့နည်းပါ။ အကြိုက်ဆုံးကတော့ ဖွဲပြာနဲ့ ဆေးနည်းကိုအကြိုက်ဆုံးပါ။ ရေတော့ ပေါပေါသုံးရတယ်။ အချွဲတွေ အကုန်စင်ပါတယ်
စဉ်းလုံးချော အကောင်တွေကို ဖွဲပြာနဲ့ တစ်ကောင်ချင်း ပွတ်ပြီးဆေးကျောပါ ပြီးရင် ရေဆေး ပြီး နောက်တစ်ချိန် ဖွဲပြာနဲ့ထပ်ပွတ်ပါ။ ဒုတိယအကြိမ်ရေဆေးရင်တော့ ရေများများနဲ့ ဖွဲပြာ အမှုန့်လေးတွေကို မျက်စိရှင်ရှင်ထားပြီး ဆေးပါ။ ပြီးရင်တော့ ရေစစ်ထားပြီး ခဏ နားလိုက်ပါ (လက်ညောင်းလောက်ပြီလေ)

🔪🔪🔪
သန့်ရှင်းပြီးသား ငါးရှဉ့်တွေကို ဓားသေးသေး၊ထက်ထက်၊ ဓားဦးချွန်ချွန်သုံးပြီး လည်ပင်းကို လှီးပါတယ်။ ပြီးရင်လည်ပင်းအောက်ဖက် ဗိုက်သား တစ်လျှောက်ကို ခွဲထုတ်လိုက်ပါတယ်။
*** ဒီနေရာမှာ အရှင်ဝယ်တဲ့သူတွေ လတ်လတ်ဆတ်ဆတ်အကောင်တွေဆို တစ်ချို့ သွေးကို ခံထားပြီး
ဟင်းထဲပြန်ထည့်ချက်တာမျိုး ယမကာတစ်ခုခုထဲ သွေးစိမ်းရည်တွေထည့်သောက်တာမျိုး အားရှိချင်တဲ့ ခိုခိုတွေ လုပ်ကြတာပါ*** ကျွန်တော်ကတော့ မကြိုက်လို့ မထည့်ပါဘူး
ဝမ်းတွင်းက ကလိစာတွေ သွေးတွေကို အကုန်ခြစ်ထုတ်ပါတယ်၊ အမှိုက်ပစ်ဖို့ မလွယ်တဲ့နေရာတွေမှာ အိမ်က အမှိုက်ပုံးထဲထည့်ထားရမယ့် နေရာတွေ ခုန ကလိစာတွေ ဆားလေးနည်းနည်းအုပ်ပြီးမှ ပစ်ပါ အနံ့ မနံအောင်အတွက်ပါ
ဗိုက်ခွဲပြီးသားအကောင်တွေကို နောက်ဆုံးအကြိမ် ရေများများနဲ့ သန့်စင်အောင် ဆေးလိုက်ပါ။
ခုန လည်ပင်းလှီးတဲ့ နေရာက ခေါင်းကိုဖြတ်ထုတ်လိုက်ပါ။ ခေါင်းကိုမယူပါဘူး၊ တချို့တွေတော့ ထည့်ချက်ကြတယ်။
ဘာလိုမယူတာလဲဆိုတော့ ငါးရှဉ့်ဆိုတာကို ငယ်ငယ်ကတည်းက ခုလိုမိုးဦးကျ(မိုးတွင်း) မှာ အမြဲစားဖြစ်ပါတယ်
ဟိုအချိန်တုန်းက ခုလို မွေးမြူရေးတွေပါတွေမရှိသေးဘူး။ လယ်ထဲ ချောင်းထဲ မြောင်းထဲမှာ ငါးမျှားချိတ်နဲ့ မျှားကြပါတယ် အဲဒီတော့ ခေါင်းထဲမှာ ငါးမျှားချိတ်တွေပါနိုင်တယ်လို့ လူကြီးတွေပြောတာ မှတ်သားဖူးပါတယ်
နောက်တစ်ခု ငါးရှဉ့် ရဲ့ ခေါင်းထဲ ပါးစပ်ထဲမှာ လောလောလတ်လတ် စားထားတဲ့အစားတွေရှိတတ်လို့ပါ။
ခေါင်းဖြတ်ပြီးရင် အနေတော် အတုံးလေးတွေ တုံးယူပါ။ အမြီးကိုလဲမထည့်ပါဘူး အရိုးကိုက်ရတာရှုပ်လို့ပါ။
တုံးပြီးသွားလို့ ရေထပ်ဆေးချင်သေးရင် တစ်ကြိမ်ထပ်ဆေးပြီး ရေးစစ်ထားလိုက်ပါ။

ကဲကဲ ခုမှ စချက်ဖို့ ရောက်ပါပြီ
ပါဝင်ပစ္စည်းများ
- ကြက်သွန်ဖြူ
- ကြက်သွန်နီ
- ငရှုတ်သီး(
- ဆီ
- နနွင်းမှုန့်
- မဆလာ
- ဆား၊ အချိုမှုန့်(သို့)ကြက်သားအမှုန့်
- ဂွေးရွက် (သို့) မကျည်းသီးအမှည့်
တုံးပြီးသား ငါးရှဉ့်တွေကို ဆား၊ နနွင်းမှုန့် နဲ့ အသားမှုန့်တို့ ရောနယ်ပြးနှပ်ထားလိုက်ပါ။

ကြက်သွန်ဖြူ၊ ကြက်သွန်နီကို သက်သက်စီ ထောင်းထားပါ။
အိုးထဲက ဆီဆူ လာရင် ကြက်သွန်ဖြူ အရင် ထည့်ပါ ခဏနေမှ ကြက်သွန်နီထည့်ပါ။ ကြက်သွန်ဖြူရဲ့ မွှေးရနံကိုယူချင်လို့ပါ။ မီးအေးအေးနဲ ဆီသပ်ပြီး ကြက်သွန်တွေဝါလာပြီးဆိုရင် ငရုပ်သီမှုန့် ထည့်ပါ။ပြီးရင်း မဆလာထည့်ပါ။
ပြီးရင်တော့ ခုန နှပ်ထားတဲ့ ငါးရှဉ့်တွေထည့်ပြီး အိုးထဲမှာခဏ လိမ့်ထားပေးပါ အသားတင်းသွားပြီးဆိုရင်တော့ ဗမာနည်း ဗမာဟန် ခုန ဟင်းတဲ့ ခွက်ကို ရေကျင်းပြီး ဟင်းအိုးထဲလောင်းထည့်လိုက်ပါ။
ပုံမှန်မီးအားနဲ့ဆိုရင် နှစ်ရည်(ရေနှစ်ခါ) နဲ့ နူးပါတယ်။
နောက်ဆုံးရေ ခမ်းခါနီးရင် ခုနပြောတဲ့ ဂွေးရွက်( ဂွေးသီးပင်ကအရွက်၊ ဂွေးတောက်ရွက်မဟုတ်ပါ)
ရေဆေးပြီး အုပ်လိုက်ယုံပါ။ ဂွေးရွက်မရှိလဲ မကျီးမှည့်ကို ရေနွေးဖျောပြီး အသင့်အတင့် ဖြန်းလိုက်ရင်
ငါးရှဉ့်တောချက်လေး ရပါပြီခင်ဗျား
ယိုးဒယားစတိုင် ချက်ချင်ရင်တော့ မဆလာနေရာမှာ စပါးလင် နဲ့ တောရှောက်ရွက်(ရှောက်ဖလူးရွက်) ထည့်ချက်၊ ပြီးရင် အုန်းနို့ဗူးလေးပါထည့်၊ ငါးရှဉ့် တုံယမ်းအရသာ ကွက်တိဗျာ

image