ရော်နယ်ဒို၊ နာနီနဲ့ ဘရူနိုဖာနန်ဒက်စ်တို့ကို စပို့တင်းကနေ ခေါ်ယူခဲ့ရာမှာ ယူနိုက်တက်အတွက် အောင်မြင်မှုတွေ ရခဲ့ပါတယ်။ ရော်နယ်ဒိုနဲ့ နာနီက အကြီးအကျယ် အောင်မြင်ကျော်ကြားခဲ့ပြီး ပရိသတ်အကြိုက် ကစားသမားတွေဖြစ်ခဲ့ပါတယ်။
ဖာနန်ဒက်စ်က အခု အသင်းခေါင်းဆောင်ဖြစ်နေပြီး အသင်းအတွက် အရေးပါတဲ့ ကွင်းလယ်လူပါ။ သူ မရှိရင်ကို မဖြစ်ဘူးဆိုတဲ့ အနေအထားမျိုးကို ရောက်အောင် သူ လုပ်ထားနိုင်ခဲ့ပါတယ်။
ဒါကြောင့် အခု စပို့တင်းနည်းပြအမော်ရင်ကို ခေါ်ယူမှုမှာလည်း အလားတူ အောင်မြင်လိမ့်မယ်လို့ ယူနိုက်တက်ပရိသတ်တွေက ယုံကြည်နေပါတယ်။ ယူနိုက်တက်+စပို့တင်း+ပေါ်တူဂီ တို့ကြား ဆက်နွယ်မှုက တကယ်လည်း အောင်မြင်နေခဲ့တာမို့ အခုလည်း အဲလိုဖြစ်လာမလားဆိုတာ စောာင့်ကြည့်ရပါမယ်။