ယူကရိန်းအတွက် စစ်ရေးအကူအညီသစ် ဒေါ်လာ ၄၂၅ သန်း ထောက်ပံ့သွားမည်ဖြစ်ကြောင်း အမေရိကန် ကြေညာ

နိုင်ငံတကာ၊ နိုဝင်ဘာ ၄
 
မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ ယူကရိန်းစစ်ပွဲမှာ ရုရှားဘက်က ဝင်ရောက်တိုက်ခိုက်ဖို့ ရောက် ရှိနေကြောင်း အမေရိကန်က ကြေညာလိုက်ပြီး တစ်ရက်အကြာမှာ ယူကရိန်းအတွက် နောက်ထပ်စစ်ရေးအကူ အညီ ဒေါ်လာ ၄၂၅ သန်းဖိုး ထပ်မံထောက်ပံ့သွားမှာဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စုက ပြီးခဲ့တဲ့ သော ကြာနေ့ (နိုဝင်ဘာ ၁ ရက်နေ့) က ကြေညာလိုက်ပါတယ်။
 
အခုထောက်ပံ့မယ့်အကူအညီဟာ လေကြောင်းရန်ကာကွယ်ရေး လက်နက်တွေ၊ ရော့ကက်ကျည်နဲ့ အမြောက် ကျည်တွေ၊ သံချပ်ကာယာဉ်တွေနဲ့ တင့်ဖျက်လက် နက်တွေအပါအဝင် ယူကရိန်းနိုင်ငံက အလိုအပ်ဆုံးဖြစ်တဲ့ နောက်ထပ်စစ်လက်နက်ပစ္စည်းတွေကို ဖြည့်ဆည်းပေးသွားနိုင်မှာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
 
အမေရိနက်လက်နက်တိုက်ထဲက ထုတ်ယူထောက်ပံ့မယ့် ဒီအကူအညီအစီအစဉ်မှာ ဝေဟင်-မြေပြင်ပစ် ဒုံး ကျည်တွေ၊ ဆေးဘက်ဆိုင်ရာပစ္စည်းတွေ၊ အဆောက်အဦ/ဘန်ကာ ဖြိုဖျက်ရေးလက်နက်တွေနဲ့ အပိုပစ္စည်း တွေ ပါဝင်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
“ယူကရိန်းရဲ့ လတ်တလော အရေးပေါ်လိုအပ်နေတဲ့ စစ်မြေပြင်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့နဲ့ ရုရှား ကျူးကျော်စစ်ကို ခုခံကာကွယ်ဖို့အတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ် ပါတယ်။” လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
 
မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၁၀,၀၀၀ ဝန်းကျင် ရုရှားနိုင်ငံကို ရောက်ရှိနေကြောင်း ယုံကြည်ရပြီး အဲဒီအထဲက အင်အား ၈,၀၀၀ ကို ယူကရိန်းနယ်စပ်နဲ့ ထိစပ်နေတဲ့ ကာ့စ်ခ်ဒေသမှာ တပ်ဖြန့်ချထားကြောင်း ထုတ်ပြန်ချက် မကြေညာခင်တစ်ရက်အလိုမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ပြောပါတယ်။

“အဲဒီမြောက်ကိုရီးယားတပ်တွေကို ယူကရိန်းကို တိုက်ခိုက်ဖို့ တပ်ဖြန့်ချထားတာတော့ မတွေ့ရသေးပါဘူး။ ဒါပေမဲ့ လာမယ့်ရက်ပိုင်းအတွင်းမှာပဲ သူတို့ကို တပ်ဖြန့်ချထားမှာကို တွေ့မြင်ရပါလိမ့်မယ်။” လို့ ဘလင်ကန်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ယူကရိန်းတပ်ဖွဲ့တွေဟာ သြဂုတ်လအတွင်းက ရုရှားပိုင် ကာ့စ်ခ်ဒေသကို ဝင်ရောက်တိုက်ခိုက်ပြီး စတုရန်းမိုင် လေးငါးရာလောက်ကို ထိန်းသိမ်းထားနိုင်တယ်လို့ ဆိုပါတယ်။

ယူကရိန်းစစ်ပွဲ ရှည်ကြာလာသလို ရုရှားနဲ့ မြောက်ကိုရီးယားရဲ့ နိုင်ငံရေးနဲ့ စစ်ရေးမဟာမိတ်ဖွဲ့မှုတွေကလည်း ပို မို နက်ရှိုင်းလာပါတယ်။

အခုလို မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေကို ယူကရိန်းစစ်ပွဲမှာကူညီတိုက်ခိုက်ဖို့ ရုရှားကို စေလွှတ် ပေးတာဟာ တင်းမာမှုတွေကို ပိုမိုမြင့်တက်လာစေပြီး နိုင်ငံတကာက စိုးရိမ်ပူပန်နေကြပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ယူကရိန်းကို စစ်လက်နက်ပစ္စည်း အဓိကထောက်ပံ့နေတဲ့ နိုင်ငံဖြစ်ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ရုရှားကျူးကျော်စစ် စတင်ကတည်းက အခုအချိန်အထိ ဒေါ်လာ ဘီလျံ ၆၀ ကျော်ဖိုး စစ် ရေးအကူအညီတွေ ထောက်ပံ့ခဲ့ပြီးဖြစ်ပါတယ်။

Ref: US Announces $425M in New Ukraine Security Aid

#centralnewsnaypyitaw

image