စားအုန်းဆီ ရည်ညွှန်း စျေးနှုန်း တစ်ပိသာ ကျပ် ၂၇၀ ကျော် အထိ မြင့်တက်
နိုဝင်ဘာ ၄၊ ရန်ကုန်။
စီးပွာရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကနေ စားအုပ်ဆီ အခြေခံ လက်ကားရည်ညွှန်းစျေးနှုန်းကို တစ်ပိဿာ ငွေကျပ် ၆၅၉၅ ကျပ် လို့ နိုဝင်ဘာ ၄ ရက်နေ့က ထုတ်ပြန်ကြေညာထားတာကိုတွေ့ရပါတယ်။
ဒီကနေ့ စျေးနှုန်းဟာဆိုရင် ပြီးခဲ့တဲ့ တစ်ပတ်တာကာလ ရည်ညွှန်းစျေးနှုန်း ထက် ၂၇၅ ကျပ် မြင့်တက်နေပြီး အဲ့အချိန်တုန်းက တစ်ပိဿာကို ၆၃၂၀ ကျပ် ရှိခဲ့တယ်လို့ သိရပါတယ်။
စားအုန်းဆီ အဓိက ထုတ်လုပ်တင်ပို့တဲ့ မလေးရှား နိုင်ငံရဲ့ FOB စျေးနှုန်းများကို ကြည့်ရှုပြီး သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်၊ ဘဏ်စရိတ်၊ အခွန်အခတွေကို ထည့်သွင်းတွက်ချက်ပြီး အခြေခံ လက်ကား ရည်ညွှန်းစျေးနှုန်းတွေကို တွက်ချက်ထုတ်ပြန်ပေးနေတာဖြစ်ပါတယ်။
ယခု သတ်မှတ်တဲ့ တစ်ပိဿာ ၆၅၉၅ ကျပ်ဟာ နိုဝင်ဘာ ၁၀ ရက်နေ့ အထိဖြစ်ပြီး စျေးကွက်အတွင်း တင်သင့်မျှတဲ့ စျေးနှုန်းထက် မြှင့်တင်ရောင်းချခြင်း၊ စျေးကစားဖို့ ရည်ရွယ် သိုလှောင်ထားမယ်ဆိုရင် အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေအရ အရေးခံရနိုင်တယ်လို့ သိရပါတယ်။
#centralnewsnaypyitaw