ဗန်ကား (၃) စီးနဲ့ တင်ဆောင်လာတဲ့ မြန်မာလုပ်သား (၃၈)ဦး ဖမ်းဆီးခံရ
နိုဝင်ဘာ ၄၊ နိုင်ငံတကာ။
ထိုင်းနိုင်ငံ၊ နခွန်စဝမ်ခရိုင်ထဲမှာ ဗန်ကား (၃)စီးနဲ့ တင်ဆောင်လာတဲ့ မြန်မာလုပ်သား (၃၈) ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Line Today မှာ ဖော်ပြထားတာကို တွေ့ရပါတယ်။
နိုဝင်ဘာ ၁ ရက်နေ့က နခွန်စဝမ်ခရိုင် အမြန်လမ်းပေါ်မှာ မောင်းနှင်လာတဲ့ ဗန်ကား (၃)စီးကို မသင်္ကာလို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က လိုက်လံ စစ်ဆေးချိန်မှာ အထောက်အထားမဲ့ မြန်မာ လုပ်သား တွေကို ဖမ်းဆီးရ ခဲ့တာလို့ သိရပါတယ်။
အဲ့ဒီ မြန်မာလုပ်သားတွေကို တင်ဆောင်မောင်းနှင်လာတဲ့ ထိုင်း ယာဉ်မောင်း (၃)ဦးကိုလည်း ဖမ်းဆီးရမိပြီး သူတို့တွေဟာ ထိုင်းနိုင်ငံ မြောက်ပိုင်း၊ ချင်းရိုင်းခရိုင်ကနေ တဆင့် ထိုင်းနိုင်ငံ အလယ်ပိုင်း၊ ပထုံ ဌာနီခရိုင် ဘက်ကို သွားရောက်မှာ ဖြစ်တယ်လို့ ဖမ်းဆီးခံရသူတွေရဲ့ ထွက်ဆိုတယ်လို့ ဆိုပါတယ်။
သူတို့တွေကို သက်ဆိုင်ရာ ရဲစခန်းမှာ ထိန်းသိမ်းထားပြီး တရားဉပဒေအရ အရေးယူသွားမယ်လို့ သိရပါတယ်။
#centralnewsnaypyitaw