ကမ္ဘာ့အားကစားပြိုင်ပွဲ ချန်ပီယံရှစ် နဂါးလှေလှော်ပြိုင်ပွဲမှာ မြန်မာအသင်း ယှဉ်ပြိုင်ခွင့်ရရ
နိုဝင်ဘာ ၄
တရုတ်နိုင်ငံ ချန်ဒူးမှာ ၂၀၂၅ ခုနှစ် သြဂုတ်လ ၉ ရက်နဲ့ ၁၀ ရက်တွေမှာ ကျင်းပပြုလုပ်မယ့် ကမ္ဘာ့ အားကစားပြိုင်ပွဲ ချန်ပီယံရှစ် နဂါးလှေလှော်ပြိုင်ပွဲမှာ မြန်မာ လှေလှော်အားကစားအသင်း ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့တယ် လို သိရပါတယ်။
မြန်မာလှေလှော်အားကစားအသင်းဟာ အောက်တိုဘာ ၂၄ ရက်နေ့ကနေ နိုဝင်ဘာ ၃ ရက်နေ့အထိ တရုတ်နိုင်ငံ Yichang မြိုနဲ့ ဖိလစ်ပိုင်နိုင်ငံ Puerto Princesa မြိုတိုမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ဖလား နဂါးလှေလှော်ပြိုင်ပွဲတွေမှာ ရွှေတံဆိပ် (၆)ခုနဲ့ ငွေတံဆိပ် (၃) ခု ဆွတ်ခူးရရှိခဲ့တယ်လို သိရပါတယ်။
ပြိုင်ပွဲကနေ အကောင်းဆုံး အသင်း (၁၂) သင်းဟာ ကမ္ဘာ့ အားကစားပြိုင်ပွဲ ချန်ပီယံရှစ် နဂါးလှေလှော် ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိတာဖြစ်ပြီး အဲ့ဒီထဲမှာ မြန်မာအသင်းပါဝင်ခဲ့တာလည်း ဖြစ်ပါတယ်။
#centralnewsnaypyitaw