27 w - Translate

တစ်ချောင်းကို မြန်မာငွေ ၁၅ သိန်းကျော် ကျသင့်မယ့် ကမ္ဘာ့ဈေးအကြီးဆုံး ချောကလက်

၅၀ ဂရမ်ပဲရှိတဲ့ ချောကလက်တစ်ချောင်းကို မြန်မာငွေ ၁၅ သိန်းကျော် (အမေရိကန်ဒေါ်လာ ၄၉၀) ကျသင့်မယ်ဆိုရင် ယုံနိုင်မလား။ အီကွေဒေါနိုင်ငံ ပိုင်ဒရာဒီပလာတာတောင်ကြားမှာရှိတဲ့ စိုက်ခင်း ၁၄ ခင်းဆီက ခူးဆွတ်ထားတဲ့ ရှားပါးကိုကိုးပင်ကနေ ထုတ်လုပ်ထားတာဖြစ်လို့To’ak ချောကလက်က ကမ္ဘာ့ဈေးအကြီးဆုံးအမှတ်တံဆိပ်ပါပဲ။

To’ak ကုမ္ပဏီဟာ ကိုကိုးစိုက်ပျိုးတဲ့ တောင်သူတွေထံက အကောင်းဆုံးအစေ့တွေကို ဈေးကောင်းပေးဝယ်ပြီး ချောကလက် ထုတ်လုပ်ဖို့အတွက် အကောင်းတကာ့အကောင်းဆုံး အစေ့တွေကို လူကိုယ်တိုင် စိစစ်ရွေးထုတ်တာပါ။ ဒါ့အပြင် ဝီစကီ၊ ကော့ညက်တို့ကို နှစ်ကာလရှည် စိမ်ထားသလိုမျိုး သူတို့ရဲ့ချောကလက်ကိုလည်း ဝက်သစ်ချစည်တွေထဲမှာ အချိန်ယူ စိမ်ထားပြီး အဆီတွေ စစ်ထုတ်ကာ အနံ့၊အရသာ ပိုကောင်းမွန်အောင် လုပ်နိုင်တာကြောင့်လည်း ဈေးကွက်ထဲမှာ ကျော်ကြားတာ ဖြစ်ပါတယ်။

Ref:To’ak – The World’s Most Valuable Chocolate

image