10 w - Translate

ကျွန်တော့်ညီမလေး ရင့်ကျက်သွားပြီ။
My little sister has become mature.

🎈သူဟာ ရင့်ကျက်သွားလို့ စိတ်တိုင်းမကျတာတွေကြုံရတိုင်း Facebook ပေါ်မှာ တက်မရေးဖြစ်တော့ဘူး။
She has become so mature that whenever she gets upset, she no longer gets it off her chest by writing posts on Facebook.

🎈အရင်တုန်းကလို Review တွေကို စုံမှိတ်ယုံပြီး online က ပစ္စည်းတွေ မမှာတော့ဘူး။
She was wont to believe the reviews blindfoldedly, but now she doesn't order things online anymore.

🎈iPhone 16 ပြီးရင် iPhone 17 ထွက်ဦးမယ်၊ အသစ်ထွက်တိုင်း လိုက်ဝယ်ဖို့မလိုတာ သူ သိသွားပြီ။
After the release of the new iPhone 16, there will come iPhone 17. She realizes that she doesn't have to buy every latest phone.

🎈သူ့မျက်နှာပေါ်က ဝက်ခြံတွေဟာ ယာယီကိစ္စ၊ အချိန်တန်ရင် ပျောက်သွားကြမယ်လို့ သူ နားလည်ပြီ။
She understands that pimples on her face are there temporarily, and in due course of time they will disappear.

🎈ခန္ဓာကိုယ်အလေးချိန် တက်မယ် ကျမယ်၊ အစိုးမရဘူး သူ သိသွားပြီ။
Body weight may increase or decrease; she knows that it's hard to keep it in check.

🎈ဘာမဆို သူပါမှ ကိစ္စတိုင်း ပြီးမယ်လို့ သူ မထင်တော့ဘူး။
She no longer believes that she has to be involved in every matter for it to complete.

🎈ပေးတာတွေနဲ့ ပြန်ရတာတွေဟာ ထပ်တူမကျနိုင်ဘူးဆိုတာ သူသိသွားပြီ။
She has understood that what she gets in return doesn't always reflect what she's given.

🎈ဝတ်ကျေတမ်းကျေ ဖိတ်တဲ့ပွဲတွေ သွားဖို့မလိုတာ သူ သိသွားပြီ။
She knows that she doesn't need to show up for casual, half-hearted invitations.

🎈ဈေးကြီးတဲ့ စားသောက်ဆိုင်တွေမှာ စားတာနဲ့ အိမ်မှာ ရိုးရိုးလေးစားရတာ နောက်နေ့မနက်မှာ သိပ်မထူးလှပါဘူးဆိုတာ သူနားလည်ပြီ။
She understands that dining at expensive restaurants and having simple meals at home are not that different the following morning.

🎈အမြဲပြုံးပြတတ်သူ မိတ်ဆွေဖြစ်သော်လည်း တစ်ချက်လေး မျက်နှာလွှဲတဲ့အခါ နောက်ကျောကို ဓားနဲ့ထိုးတတ်တာ သူ ကြုံဖူးခဲ့ပြီ။
She has experienced that "a friend" always wearing a smile on her face may give her a stab in the back when she's looking the other way.

🎈ပိုက်ဆံမရှိရင် ကိုယ် ဘာပြောပြော ဘယ်သူမှ အရေးမလုပ်မှန်း သူ သိသွားခဲ့ပြီ။
She has recognized the fact that nobody takes what you say seriously if you are penniless.

🎈ရာထူး အဆောင်အယောင် မရှိတော့တဲ့သူဟာ စာခြောက်ရုပ်ပမာဆိုတာ သူ တွေ့ဖူးခဲ့ပြီ။
She has seen that a person who no longer holds an official position or title is nothing but a scarecrow.

🎈စာဖတ်တာနဲ့ စာတတ်တာ မတူတာလည်း သူသိသွားပြီ။
She knows that reading and intelligence are not synonymous.

🎈တချို့ သူစိမ်းတွေဟာ ဆွေမျိုးရင်းချာများထက် ပိုကောင်းတတ်မှန်းလည်း သူ ခံစားသိခဲ့ရပြီ။
She has lived to see that some strangers could turn out to be far better than one's own blood relatives.

🎈လူတချို့ဟာ သူတစ်ပါးရဲ့ မကောင်းကြောင်းပြောရခြင်းကိုသာ သာယာတတ်ကြောင်း သူသိခဲ့ပြီ။
She has witnessed that some people take delight in bad-mouthing the others.

🎈မိတ်ဆွေကောင်းတွေ များစွာရှိသင့်ကြောင်း သိထားသလို တစ်ယောက်တည်း နေတတ်အောင်လည်း သူလေ့ကျင့်နေပြီ။
She knows that it's crucial to surround herself with good friends, but she is also preparing herself to be able to live on her own.

🎈အသက်ကြီးလာသည်နှင့်အမျှ လူနည်းနည်း ပစ္စည်းနည်းနည်းနဲ့ ဘဝကိုနည်းနည်းနဲ့ကျဲကျဲ နေထိုင်သင့်ကြောင်း သူ သဘောပေါက်သွားပြီ။
She has realized that as one grows older, one only needs fewer people and things so as to live minimally.

ညီမလေး အများကြီး ရင့်ကျက်သွားပါပြီ။
My little sister has grown up so much.

#မေတ္တာဖြင့်
#ဒေါက်တာစိုးသန်း

image