" ကျော်....နင်ငါ့ကိုမချစ်ဘူးလား...."
" ချစ်တယ်လေ....ချစ်လို့ပဲနင်နဲ့စကားပြောလိုက်အချိန်ကုန်လိုက်နဲ့
နင့်အနားနေနေတာပေါ့..."
" အဲဆို....ဘာလို့ငါ့ကိုချစ်တယ်မပြောတာတုန်း..."
" နင်သိတာပဲမဟုတ်ဘူးလား... ငါချစ်တာ....နင်ကောငါ့ကိုချစ်တယ်မလား..."
" အေးလေ...ချစ်တယ်လေ..."
" အင်းလေ..."
အဲဒီလို ဘယ်သူကစပြောတဲ့ ရည်စားစကားမှန်းမသိလိုက်မသိဖာသာ
နဲ့ပဲ တစ်ယောက်ယောက်ဟာတစ်ယောက်ယောက်ဆီ ရောက်လာခဲ့တာဟာ
ခုဆို....နှစ်တွေလတွေတောင်ရှည်ကြာလို့.....။
အချစ်စစ်သာမှန်ရင်.....တစ်ခြားလိုအပ်တာမရှိပါဘူး....။
သင့်ကိုချစ်သောသူရယ်....သူ့ကိုချစ်သောသင်ရယ်.....။
ဒီလူသားနှစ်ယောက်နဲ့တင် ဘဝခရီးကိုစိတ်ကြိုက်ဖြတ်သန်းနိုင်တာပဲမလား...။
တစ်ခုတော့ရှိသည်။
တစ်ယောက်ယောက်ကတော့ ခြေတစ်လှမ်းတိုးရပေမည်။
ဘယ်လောက်ပဲ မျက်နှာချင်းဆိုင်နေပေမယ့် ကိုယ်စီဟာခြေအစုံရပ်နေရာက ဘယ်သူကမှ တစ်လှမ်းထပ်မတိုးရင်တော့....... ။
ကျွန်မကတော့ အဲဒီတိုးရမည့်ခြေတစ်လှမ်းကို ကိုယ်ကပဲအရင်တိုးသင့်ရင်
တိုးလိုက်ဖို့အတွက်ကို ဘယ်တုန်းကမှ ချီတုံချတုံမဖြစ်ခဲ့....။
တစ်ခါတစ်လေမှာ....စည်းတွေဘောင်တွေဆိုတာဟာ
ဖောက်ဖျက်မယ့်သူရှိလို့ ထားထားတာပဲမလားလေနော်.....။
ကဲ....ရှင်တို့ကကော....။
ခြေတစ်လှမ်းတိုးဖို့ကို တွေဝေနေကြတုန်းပဲလား.....။
💖💖💖💖💖
ချစ်သူဆီသို့ခြေတစ်လှမ်း....
ညတာရာလင်း(ထား၀ယ်)
3.11.2024
8:50pm
#ညတာရာလင်း