ရခိုင် ကြက်သား ငပိဟင်း

ရခိုင်ရိုးရာ ဖြစ်တဲ့ ကြက်သားကို ငပိနဲ့ ချက်ထားတဲ့ ဟင်းလျာပါ။ အရသာက ထူးကဲပြီ ဟင်းနှစ်များများနဲ့ စားလို့ အရမ်းကောင်းပါတယ်။ အလွယ်တကူပဲ အိမ်မှာ ချက်စားနိုင်တာမို့ ခုပဲ လုပ်ကြည့်ရအောင်…

ပါ၀င်ပစ္စည်းများ

ကြက်ပေါင် – ၆ခု (အတုံးလတ်များ ပိုင်းပါ)
ခရမ်းချဉ်သီး – ၅လုံး (အစေ့ထုတ်ပြီ အရှည်လှီးပါ)
ပဒယ်ဂေါ – ၁ခု (ပါးပါး အရှည်လှီးပါ(သို့) မညက်တညက်ထောင်း ချည်ပါ)
ဆနွင်း – လက်ဖက်ရည်ဇွန်း ၃ပုံ၂ပုံ
ငရုတ်သီးဆီချက် – လက်ဖက်ရည်ဇွန်း ၂ဇွန်း (ဒယ်ထဲ ဆီထည့်ပြီ ငရုတ်သီး အရောင်တင်မှုန့်ကို ဆီသပ်ပေးပါ)
ကြက်သွန်နီ – ၃လုံး (နှုတ်နှုတ်စင်းပါ)
ငပိ – စားပွဲတင်ဇွန်း ၃ပုံ၂ပုံ
ဆား – လက်ဖက်ရည်ဇွန်း တ၀က်
ရေ – ခွက် တ၀က်
နံနံပင် – လက်တဆုပ်စာ (ပါးပါးလှီးပါ)


ချက်ပြုတ်နည်းများ

၁။ ဒယ်ထဲ ဆီထည့်ပြီ ဆီပူလာလျှင် ကြက်သွန်နီ ၂-၃မိနစ်ခန့် ဆီသပ်ပေးပါ။ ပြီမှ ဆနွင်းမှုန့် ထည့်ပါ။

၂။ ထို့နောက် ပဒယ်ဂေါ၊ ခရမ်းချဉ်သီး ထည့်ပြီ နောက်ထပ် ၁မိနစ်ခန့် တည်ထားပါ။

၃။ ပြီမှ ကြက်သားထည့်ကာ ကြက်သား အရောင်ပြောင်းသည်အထိ လုံးချက်ပေးပါ။

၄။ ပြီလျှင် (ငပိ၊ ဆား၊ ငရုတ်သီးဆီချက်၊ ရေ(ခွက်၀က်)) တို့ကို ထည့်ပေးကာ နောက်ထပ် ၃မိနစ်ခန့် တည်ထားပါ။

၅။ နောက်ဆုံးမှ နံနံပင်အုပ်ကာ အရသာထူးကဲသည့် ရခိုင် ကြက်သား ငပိဟင်းလျာကို သုံးဆောင်လို့ရပါပြီ…

image