27 w - Translate

သုဝဏ္ဍဘူမိ လေဆိပ်ကနေ ရထားစီးပြီး ဘန်ကောက်မြိုထဲ သွားနည်း ✨
လေဆိပ်ကနေ ဘန်ကောက်မြိုထဲသွားတဲ့ ရထားလိုင်းကို Airport Rail လိုခေါ်ပါတယ်။
အရင်ကတော့ အမြန်လိုင်းနဲ့ ပုံမှန်လိုင်းဆိုပြီး နှစ်လိုင်းရှိပေမယ့် ခုတော့ ပုံမှန်( City Line )လိုင်းပဲရှိပါတော့တယ်။
⚡️ ရထားစီးဖို သုဝဏ္ဍဘူမိလေဆိပ်ရဲ့ မြေအောက်ထပ်ကိုဆင်းရပါမယ်၊
ရထားလတ်မှတ်ကိုတော့ အောက်ထပ်က Counter မှာဝယ်လိုရပါတယ်။
မြိုထဲထိကို ရထားနဲ့ သွားမယ်ဆိုရင် ကြာချိန်က မိနစ် ၃၀ ပဲ ကြာပါတယ်။
ရထားကတော့ ၁၀ မိနစ်ခြား တစ်စီး ရှိပါတယ်။
ရထားစီးခကလည်း ၁၅ ဘတ်ကနေ ၄၅ ဘတ်အထိပဲရှိပါတယ်။
ပြောင်းစီးလိုရတဲ့ ဘူတာတွေကိုတော့ ရထားဆော့ဝဲလ်လေးထဲမှာ အသေးစိတ်ကြည့်နိုင်ပြီး ရထားလမ်းမြေပုံတွေကိုလည်းအလွယ်တကူကြည့်နိုင်တဲ့အပြင်ကိုယ်စီးနေတဲ့ ရထားက ဘယ်ကနေ ဘယ်အထိ ပြေးဆွဲနေတယ်ဆိုတာပါ ပြပေးမှာဖြစ်လို ရထားစီးဖို အခက်တွေ့နေသူများအတွက် အရမ်းအသုံးဝင်တဲ့ဆော့ဝဲလ်လေးဖြစ်ပါတယ်။
တစ်ယောက်ထဲ သိုမဟုတ် နှစ်ယောက်လောက် ဆို ရထားစီးရတာဟာ စရိတ် လည်းသက်သာသလို ကားလမ်းပိတ်တာတွေလည်းမဖြစ်တာမို အရမ်းကိုအဆင်ပြေစေပါတယ်။
ထိုင်းရထားဆော့ဝဲလ်‌ဆောင်ထားချင်သူများအတွက် ဆော့ဝဲလ်လင့်-
For Android https://mm.nextworm.com/archives/1778
For IOS - https://mm.nextworm.com/archives/2822
နည်းပညာစိတ်ဝင်စားသူများ Join ထားသင့်တဲ့ Channel Link- https://t.me/techworlds2023
တင်ဆက်သူ Victor ။

image