"မိုးများနိုင်မည့် အခြေအနေအတွက် ကြိုတင်ပြင်ဆင်နိုင်ကြပါရန် အသိပေးတင်ပြခြင်း"
===========
နိုဝင်ဘာ ၃ ရက် ECMWF, ICON နှင့် GFS model UPDATE များအရ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နိုင်မည့် အခြေအနေကို model အားလုံးမှ တပြေးညီ ခန့်မှန်းထားကြောင်းတွေ့ရသည်ဟု တင်ပြခဲ့ပြီး ဖြစ်ပါသည်။
နေ့လည်ပိုင်း ထပ်မံရရှိသည့် update များအရ -
နိုဝင်ဘာ ၆ ရက် နံနက် ၁၁ နာရီမှ နောက် ၂၄ နာရီအတွင်း ...
ရှမ်းပြည်နယ်တောင်ပိုင်းဒေသများ၊
မကွေးတိုင်းတောင်ပိုင်းနှင့် နေပြည်တော်နယ်မြေများ၊
ဧရာဝတီတိုင်းအရှေ့တောင်ဘက်ခြမ်း(မြေပုံတွင်ကြည့်ပါ) ... တို့တွင် ၂၄ နာရီအတွင်း ရွာသွန်းနိုင်သည့် မိုးရေချိန်ခန့်မှန်းချက်များရှိနေကြောင်း၊ မိုးများနိုင်ကြောင်း (Heavy Rain) ဟု ဖေါ်ပြနေပါသည်။
(နိုဝင်ဘာ ၃ ရက် - နေ့လည် ၂ နာရီ ၄၀ မိနစ်)
U Win Naing