27 w - Translate

ထမင်းမြိန်တဲ့ မရမ်းသီးငပိချက် စိုစိုအိအိလေး
မရမ်းသီး ၁၀ သား ရေဆေးထက်ခြမ်းခွဲပြီးပါးပါးလှီးထား
ကြက်သွန်ဖြူ ၂လုံး အနီ ၃လုံးထောင်းထား
ပုစွန်ခြောက် စတီးဇွန်း ၂ဇွန်း
ငရုတ်သီးစိမ်း ၅ ကျပ်သားပါးပါးညှပ်ထား
ငပိစိမ်းစားဟင်းစားဇွန်း တစ်ဇွန်း
ငရုတ်သီးအစိမ်းမှုန့် ဟင်းစားဇွန်းတစ်ဇွန်း
ချက်မယ်နော်
ဆီအိုးထဲဆီပူလာရင် နနွင်းမှုန့်လေးဇွန်းဖျားလောက်ထည့်
ကြက်သွန်ဖြူနီထောင်းထားတာဆီသတ်ပြီး
ငရုတ်သီးစိမ်းညှပ်ထားတာထည့်ကြော်
ငရုတ်သီးစိမ်းမှုန့်ထည့်
ငပိစိမ်းစားထည့်ကြော်
မရမ်းသီးလှီးထားတာထည့်ကြော်ပြီး
ပုစွန်ခြောက်ထောင်းထားတာထည့်
ဆားဟင်းစားဇွန်းတစ်ဝက် အရသာမှုန့်နဲနဲထည့်
ရေနွေးလေးနဲနဲဖြန်းပြီး စိုစိုအိအိလေးကြော်ထားတယ်နော်
😋ချစ်သူငယ်ချင်းတွေအားလုံးစားကောင်းကျန်းမာကြပါစေ....
#cooking

image