27 w - Translate

တရုတ်နိုင်ငံအတွင်းက Apple ဖုန်းတွေကို Baidu သုံးမယ်ဆိုတဲ့ Apple

Apple အနေနဲ့ သူတို့ရဲ့ ကိုယ်ပိုင်ကား Project ကို စွန့်ခွာသွားပြီးတဲ့နောက်မှာတော့ AI ဖက်မှာ ပိုအားစိုက်မယ်လို့ သတင်းတွေထွက်လာပါတယ်။ အဲ့ဒီနောက်မှာတော့ Gemini ChatGPT တို့လို Ai တွေနဲ့ ပေါင်းစပ်ပြီး LLM အနေနဲ့ iPhone တွေမှာ သုံးတော့မယ်အကြောင်းကို ထုတ်ပြန်လာပါတယ်။

ဒါပေမယ့် Google မသုံးပဲ Baidu ကိုသုံးတဲ့ တရုတ်မှာတော့ Apple လည်း Baidu ကိုပဲသုံးတော့မယ်လို့ Report တွေထွက်လာပါတယ်။ Alibaba တို့အပြင် တစ်ခြား ThirdParty AI တွေနဲ့လည်း စကားပြောထားတာတွေရှိတယ်ဆိုပေမယ့် နောက်ဆုံးမှာတော့ Baidu ကိုပဲရွေးချယ်ခဲ့ပါတယ်။

Marketing သမားတွေက ဒါဟာ တရုတ်ဖုန်းတွေနဲ့ Apple ကို Branding လုပ်ဖို့အကောင်းဆုံး ဥပမာတစ်ခုဖြစ်တယ်ဆိုပြီး ပြောနေကြပါတယ်။ Technical ပိုင်းနဲ့ပြောရရင်လည်း Apple အနေနဲ့ Integration ကောင်းကောင်းသာလုပ်နိုင်မယ်ဆိုရင် တစ်ကယ်ကောင်းတဲ့ Product တွေထွက်လာနိုင်မယ့် Apple ရဲ့ခြေလှမ်းတစ်ခုပါပဲ။

#

image