“ ချစ်တယ် ” ဆိုတာ စကားလုံးလေး တစ်လုံး ဆိုပေမယ့် သူ့ရဲ့နောက်မှာ တာဝန်ယူရခြင်းတွေ ၊ အနက်အဓိပ္ပာယ်တွေ အများကြီး ပါဝင်နေတယ် ။ ချစ်တယ် ဆိုတဲ့ စကားတစ်လုံး နှုတ်ဖျားက ပြောဖို့ရာ လွယ်ကူပေမယ့် တကယ်တမ်း ချစ်မိသွားတဲ့အခါ သူ့အလိုလို ဖြစ်တည်လာခြင်းတွေ အများကြီး ရှိပါတယ် ။ ကိုယ် ခံယူထားတဲ့
ချစ်ခြင်းမေတ္တာကတော့…
၁။ သူ ဘယ်လိုအခြေအနေပဲ ရောက်ရောက် ကိုယ့်ကို လိုအပ်နေတယ်လို့ ခံစားရတဲ့ အချိန်တိုင်း ကိုယ် ရှိနေပေးမယ် ။
၂။ ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာတွေကို သူ့ နှလုံးသားထဲက ခံစားရအောင် ချစ်ပေးမယ် ။
၃။ ကိုယ် ကာကွယ်ပေးနိုင်တဲ့ အန္တရာယ်တွေ စိတ်ပင်ပန်းမှုတွေကနေ ကာကွယ်ပေးမယ် ။
၄။ ပင်ပန်းလာတိုင်း ခိုနားခွင့်ရှိတဲ့ နွေးထွေးရာ ရပ်ဝန်းဟာ ကိုယ်ပဲ ဖြစ်စေရမယ် ။
၅။ သူ လဲကျတိုင်း ဖမ်းဆွဲထားမယ့် လက်တစ်စုံဟာ ကိုယ်ဖြစ်နေဖို့အတွက် ကြိုးစားမယ် ။
တကယ်တော့ ချစ်ခြင်းဟာ ချစ်နေရုံနဲ့ မပြီးသလို စကားလုံးတွေနဲ့လည်း မပြီးသွားပါဘူး ။ အချစ်ရဲ့နောက်မှာ လုပ်ဆောင်ခြင်းတွေလည်း ပါဝင်နေပါတယ် ။ ချစ်နေရရုံနဲ့ ကျေနပ်ပါတယ်ဆိုတဲ့ စကားတွေအစား ချစ်ခြင်းမှာ မေတ္တာလေးတွေ ပေါင်းထည့်ပြီး ချစ်ရသူတွေကို စစ်စစ်မှန်မှန် ချစ်ပေးနိုင်ကြပါစေရှင် ~
တာဝန်မယူနိုင်ရင်တော့ ချစ်တယ်ဆိုတဲ့ စကားကို ပြောလည်း မပြောသင့်သလို ခံစားရုံလည်း ခံစားမနေသင့်ပါဘူး ။ တကယ်ချစ်ရင် ဒီစိတ်ခံစားမှုတွေက ဖြစ်ကိုဖြစ်လာကြတာပါပဲ ။
#ယူနိုရာ
#crd