3 w - Translate

ဂျပန်နှင့် အီးယူ လုံခြုံရေးနှင့်ကာကွယ်ရေးပူးပေါင်းဆောင်ရွက်ရန်ကြေငြာ

တိုကျို၊နိုဝင်ဘာ ၂

တရုတ်၊မြောက်ကိုရီးယားနှင့်ရုရှားတို့ဖြင့် တင်းမာမှုများမြင့်တက်နေချိန်၌ ဂျပန်နှင့်ဥရောပသမဂ္ဂတို့သည် လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်ကို ကြေငြာခဲ့ကြသည်။

အဆိုပါကြေငြာချက်အရ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရာ၌ ပူးတွဲစစ်ရေးလေ့ကျင့်မှုများနှင့် ကာကွယ်ရေးစက်မှုလက်မှု လုပ်ငန်းဖလှယ်မှုများလည်းပါဝင်မည်ဟုသိရသည်။

ဥရောပသမဂ္ဂသည် အင်ဒို-ပစိဖိတ်နိုင်ငံ တစ်နိုင်ငံ ဖြစ်သော ဂျပန်နှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်ခြင်းသည် ပထမဆုံးဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး တကဲရှိအီဝယာ နှင့် ဥရောပ သမဂ္ဂ နိုင်ငံခြားရေးမူဝါဒအကြီးအကဲ ဂျိုးဇက်ဘိုရယ်လ်တို့ကပြောကြားခဲ့ကြသည်။

"နေ့စဉ်နဲ့အမျှ စိန်ခေါ်မှုတွေ၊ရာသီဥတုအပြောင်းအလဲတွေနဲ့ယှဉ်ပြိုင်မှုတွေကြား မှာ နေနေကြရတဲ့ ယနေ့ကမ္ဘာကြီးမှာ ဒါတွေကိုကိုင်တွယ်ဖြေရှင်းမဲ့ မိတ်ကောင်းဆွေမွန်ရှိခြင်းကသာအကောင်းဆုံးအဖြေပါပဲ၊ဒါကြောင့် အခုလိုပူးပေါင်းဆောင်ရွက်မှုတွေလုပ်ရတာပါ" ဟုလည်း မစ္စတာဂျိုးဇက်ကဆိုခဲ့သည်။

ယခုကြေငြာချက်အရ ဥရောပနှင့် အင်ဒို-ပစိဖိတ်ဒေသသည် အပြန်အလှန်ချိတ်ဆက်မှီခိုနေရကာ ပုံမှန်လုပ်ငန်းအဆင့်လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲများအပြင် အခြားနိုင်ငံများလည်းပါဝင်သည့် ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန် သဘောတူညီခဲ့ကြောင်းသိရသည်။

ထို့အပြင် ဆိုက်ဘာလုံခြုံရေးနှင့် အာကာသကာကွယ်ရေးတို့တွင်လည်း ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းတို့ကပြောကြားခဲ့ကြသည်။

image