27 w - Translate

ခြအကြောင်းနှင့် ခြရှင်းနည်း.....
----

သင့်အိမ်ထဲမှာ ဘယ်ပိုးမွှားကောင်မဆို ရှိနေပြီဆို စိတ်အနှောင့်အယှက်ဖြစ်စရာပါပဲ၊ ဒါပေမဲ့ အချို့ပိုးမွှားတွေကတော့ အဲဒီထက်တောင် ပိုပါသေးတယ်။ ဥပမာဆိုရရင် ခြ။ ခြတွေဟာ သင့်အိမ်ရဲ့ အခြေခံအုတ်မြစ်တွေ၊ အကာအရံတွေ၊ သစ်သားထည်တွေ၊ နဲ့ ရေကန်အနားကွပ်တွေကိုပါ တဖြည်းဖြည်းဝါးမျိုသွားနိုင်ပါတယ်။ ခြစားသွားနိုင်တယ်ပေါ့။ ပြီးတော့လည်း အိမ်အာမခံမူဝါဒတွေထဲမှာလည်း ခြစားလို့ ပျက်စီးဆုံးရှုံးခြင်းအတွက် အကျုံးမဝင်ပါဘူး။

အမေရိကန်မှာတော့ လုပ်ငန်းရှင်တွေနဲ့ အိမ်ပိုင်ရှင်တွေဟာ ခြတွေကြောင့် ပျက်စီးမှုကို ပြုပြင်ကုသခြင်းအတွက် နှစ်စဉ် အမေရိကန်ဒေါ်လာ ၂ ဘီလျံကျော် ကုန်ကြကြောင်း အမေရိကန်ပတ်ဝန်းကျင်ကာကွယ်ရေးအေဂျင်စီ (EPA) ရဲ့ ထုတ်ပြန်ချက်တစ်ရပ်အရ သိရပါတယ်။ သင်လည်း အဲဒီလိုမျိုး ငွေကုန်ကြေးကျမရှိရအောင် သင့်အိမ်ကို အခုချက်ချင်းပဲ စတင်ပြုပြင်ချင်နေပါလိမ့်မယ်။

ခြအမျိုးအစားတွေထဲကမှ သစ်ခြောက်ခြနဲ့ မြေအောက်ခြတွေက အဓိကနှစ်မျိုးဖြစ်ပါတယ်။ ဒီခြမျိုးစိတ်နှစ်မျိုးစလုံးက သင့်အိမ်အတွက် အန္တရာယ်ရှိပါတယ်၊ တစ်မျိုးစီက သင့်အိမ်ရဲ့ မတူညီတဲ့ဧရိယာတွေမှာ နေထိုင်ကျက်စားကြတာလည်းဖြစ်ပါတယ်။

သစ်ခြောက်ခြများ

သူ့နာမည်အတိုင်းပဲ သစ်သားအထည်တွေပစ္စည်းတွေထဲမှာ နေထိုင်စားသောက်ပါတယ်။ အ‌ရောင်အားဖြင့် အဝါရင့်ကနေ အညိုနုအကြား ရောင်စဉ်တွေရှိနိုင်ပြီး တောင်ပံတွေလည်း ရှိနိုင်ပါတယ်။ အရွယ်အားဖြင့် မြေအောက်ခြတွေထက် ပိုကြီးပြီးတော့ လက်မဝက်လောက်အထိတောင် ကြီးထွားနိုင်ပါတယ်လို့ သိရပါတယ်။ ဆွေမျိုးမိတ်ဆွေအပေါင်းအသင်းရောင်းရင်းပေါင်း ၂,၅၀၀ အထိနဲ့အတူတကွ အုပ်စုဖွဲ့နေထိုင်လေ့ရှိပါတယ်။

မြေအောက်ခြများ

သူတို့ရဲ့နာမည်အတိုင်း မြေအောက်ခြတွေဟာ မြေကြီးအောက်မှာ နေထိုင်ကြကာ ရွှံ့ပြွန်လေးတွေကနေတစ်ဆင့် အိမ်ထဲကို ဥမင်လိုဏ်ခေါင်း‌ဖောက်လုပ်ကြတာပဲဖြစ်ပါတယ်။ မြေအောက်ခြတွေဟာ ဆွေမျိုးမိတ်ဆွေအပေါင်းအသင်းရောင်းရင်းပေါင်း ၁ သိန်းမှ ၁ သန်းအထိနဲ့အတူတကွ အုပ်စုဖွဲ့နေထိုင်လေ့ရှိတာကြောင့် မြေအောက်ခြအုပ်စုဟာ သစ်ခြောက်ခြအုပ်စုထက် အတော်လေးကို ကြီးမားပါတယ်။

ခြစားတဲ့အခါ မြန်ဆန်ထိရောက်တဲ့ နှိမ်နင်းကုသမှုက အရေးပါလှပါတယ်။

ဒီခြတွေကို ရှင်းဖို့ ယေဘုယျနည်းလမ်းတွေကတော့ ၁။ ဘိုးရစ်အက်စစ်လောင်းခြင်း၊ ၂။ လိမ္မော်ခွံဆီကို ပန်းကန်‌ဆေးဆပ်ပြာဆီအနည်းငယ်၊ ရေအနည်းငယ်တို့နဲ့ရော၍ ဖျန်းခြင်း၊ ၃။ အလွယ်ကူဆုံးအနေနဲ့ အိုကီ သို့မဟုတ် ဖူဂျီဆပ်ပြာခရင်မ်ကို အရည်ဖျော်၍ ဖျန်းခြင်းတို့ပဲဖြစ်ပါတယ်။

#knowledge

image