နည်းပြဂျရတ် နုတ်ထွက်ရန် ဆော်ဒီကလပ် အယ်အစ်တီဖက်ပရိတ်သတ် တိုက်တွန်း
နည်းပြဂျရတ် ရာထူးကနေ နုတ်ထွက်ဖို့ ဆော်ဒီကလပ် အယ်အစ်တီဖက် ပရိသတ်တွေက တိုက်တွန်းနေကြပါတယ်။
ဂျရတ်ဟာ အယ်အစ်တီဖက်မှာ တစ်နှစ်လုပ်ခပေါင် ၁၅ ဒသမ ၂သန်း အထိ ရရှိနေသူဖြစ်ပြီး ဝေဖန်မှုတွေကြားထဲကနေ ဆော်ဒီလိဂ်ဆီ ပြောင်းရွှေ့တာဝန်ယူခဲ့တာပါ။
လက်ရှိအချိန်မှာတော့ အသင်းရဲ့ ရလဒ်တွေဆိုးရွားလာမှုနဲ့အတူ ဂျရတ်ရဲ့ နည်းပြရာထူးဟာလည်း မတည်မငြိမ်ဖြစ်လာခဲ့တာပါ။
အယ်အစ်တီဖက်အသင်းဥက္ကဋ္ဌနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာမှန်ပေမဲ့လည်း အသင်းတာဝန်ရှိသူတွေရဲ့ အားပေးကူညီမှုရရှိနေဆဲဖြစ်ပြီး ရလဒ်ကောင်းတွေရဖို့ တိုက်ပွဲဝင်သွားမယ်လို့ နည်းပြဂျရတ်က ပြောပါတယ်။
DVB