3 w - Translate

“ ခင်ဗျားတို့ ပင်လယ်ဆိုတာကို ကြားဘူးလား ”

ငါးတကောင်က မျက်မှောင်ကြုတ်ပီး ပြန်ဖြေတယ်။ “ ကြားဖူးတာပေါ့ ။ ဘာလို့ မကြားဘူးရမှာလဲ ”

ခပ်လျို လျိူ ပြုံးရင်း ကျွန်တော် ဆက်မေးလိုက်တယ်။
“ ဒါဖြင့် ပြောပါဦး။ ပင်လယ်ဆိုတာ ဘာလဲ ”

“ ပင်လယ်ဆိုတာ တို့ အခု ကူးခတ်နေတဲ့ မှန်ပုံးပေါ့ ”

ကျွန်တော်က ခေါင်းခါလိုက်တယ်။
“ မဟုတ်ဘူးဗျ ။ အမှန်တော့ ပင်လယ်ဆိုတာ. ..”

ကျွန်တော့်စကား မဆုံးသေးခင်မှာပဲ သူက ဖြတ်ပြောတယ်။

“ ဒီမယ် ကိုယ့်လူ. ..ခင်များမှာ ခင်များ ပင်လယ်ရှိနိုင်တယ်။အားလုံးဟာ ကိုယ့်ပင်လယ်နဲ့ကိုယ် ကူးခတ်နေသူတွေချည်းပဲ။ ကျွန်တော်တို့ကတော့ ဒီမှန်ပုံးကို ပင်လယ်လို့ သတ်မှတ်တယ် ”....

#တာရာမင်းဝေ (ကျွန်တော်နှင့် အရုပ်မြို့တော်)

Mr.Book

image