ဆင်ေ-သချောင်း ရေတိုက်စားမှုမှ ကာကွယ်ရန် ဆောင်ရွက်နေ
နေပြည်တော်ကောင်စီနယ်မြေ ၊ ဇေယျာသီရိမြို့နယ် ခေတ်အေးကျေးရွာအုပ်စု၊ အင်းသာကျေးရွာအား ဆင်ေ-သချောင်း ရေတိုက်စားမှုမှ ကာကွယ်ရန် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းနှင့် သောင်တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။
ယင်းလုပ်ငန်းဆောင်ရွက်မှုသည် နေပြည်တော်ကောင်စီရန်ပုံငွေဖြင့် နေပြည်တော် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိရာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ပေ ၈၀၀ နှင့် သောင်တူးဖော်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ယာဂီမုန်တိုင်းအရှိန်ကြောင့်နောက်ဆက်တွဲ နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ် နေရာများတွင် ရေကြီးရေလျှံမှုဖြစ်ပွါးခဲ့ပြီး ရေ တိုက်စားမှု အများဆုံးဖြစ်ခဲ့သော ချောင်းဖြစ်သည်။