လိဂ်ဖလား ကွာတားဖိုင်နယ်အဆင့် မဲခွဲမှုပြုလုပ်
------------------------
လိဂ်ဖလား စတုတ္ထအဆင့်ပွဲစဉ်တွေ ပြီးဆုံးသွားခဲ့တာကြောင့် ကွာတားဖိုင်နယ်အဆင့် မဲခွဲမှုတွေကို အောက်တိုဘာ (၃၀)ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းနဲ့ မန်စီးတီးအသင်းတို့က စတုတ္ထအဆင့်မှာ ရှုံးနိမ့်ခဲ့ကြတာ ကြောင့် နောက်တစ်ဆင့်မှာ ပါဝင်မလာကြပေမယ့် ကွာတားဖိုင်နယ်အဆင့်မှာ အသင်းကြီးချင်း ထိပ်တိုက် တွေ့ဆုံ တဲ့ ပွဲစဉ်တွေလည်း ရှိလာခဲ့ပါတယ်။
ကွာတားဖိုင်နယ်အဆင့်ရဲ့ ပရိသတ် စိတ်ဝင်စားမှု အများဆုံး ပွဲစဉ်အဖြစ် စပါးအသင်းနဲ့ မန်ယူအသင်းတို့က ထိပ်တိုက်တွေ့ဆုံနေခဲ့ကြပြီး စပါးအသင်းရဲ့ အိမ်ကွင်းမှာ ကစားသွားရမှာပါ။ လက်ရှိချန်ပီယံ လီဗာပူးအသင်းကတော့ အခုရာသီ ပရီးမီးယားလိဂ်မှာ ရလဒ်ကောင်းရဖို့ ရုန်းကန်နေရတဲ့ ဆောက် သမ်တန်အသင်းနဲ့ တွေ့ဆုံနေခဲ့တာကြောင့် နောက်တစ်ဆင့်တက်ဖို့ ရေပန်းစားလာခဲ့ပါတယ်။ ပရက်စတန်အသင်း ကို (၃)ဂိုးပြတ်အနိုင်ရခဲ့ပြီး နောက်တစ်ဆင့် တက်လာခဲ့တဲ့ အာဆင်နယ်အသင်းက ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ပဲလေ့စ်အသင်းနဲ့ ကစားသွားရမှာ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းကို (၂)ဂိုးပြတ်အနိုင်ယူပြီး နောက်တစ်ဆင့် တက်လာခဲ့တဲ့ နယူးကာဆယ်အသင်းက ကွာတား ဖိုင်နယ်အဆင့်မှာ ဘရန့်ဖို့ဒ်အသင်းနဲ့ ထိပ်တိုက်တွေ့ဆုံနေခဲ့ ပါတယ်။ လိဂ်ဖလား၊ ကွာတားဖိုင်နယ်ပွဲစဉ်တွေကို လာမယ့်ဒီဇင်ဘာလ(၁၆)ရက်နေ့မှာ စတင် ကစားသွားကြမှာ ဖြစ်ပါတယ်။