ဗဟိုအမျိုးသမီးဆေးရုံကနေ ခိုးယူခံရသည့် ကလေးငယ် ပြန်တွေ့
နိုဝင်ဘာ ၂၊ ရန်ကုန်။
ရန်ကုန်မြို့ ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ ခိုးယူခံရတဲ့ ရက်သားအရွယ် မွေးကင်းစကလေးငယ်ကို အောက်တိုဘာ ၃၁ ရက်၊ နေ့လယ်ပိုင်းက ပြန်လည်တွေ့ရှိခဲ့တယ်လို့ ကလေးငယ်ရဲ့ မိသားစုဝင်တစ်ယောက်က One News ကို အတည်ပြု ပြောပါတယ်။
ခိုးယူခံလိုက်ရတဲ့ ရက်သားအရွယ် ကလေးငယ်ကို သင်္ဃန်းကျွန်းမြို့နယ်အတွင်းက တိုက်ခန်းတစ်ခန်းမှာ နေထိုင်တဲ့ အသက် ၂၀ အရွယ် အမျိုးသမီးတစ်ယောက်ရဲ့ လက်ထဲကနေ ပြန်တွေ့ခဲ့တာလို့ ဆိုပါတယ်။
အောက်တိုဘာလ ၃၀ ရက် မနက် ၄ နာရီအချိန်လောက်က ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ ကျန်းမာရေး မကောင်း တဲ့အတွက် ကုသမှုခံယူနေတဲ့ ရက်သား အရွယ် ကလေးငယ် ခိုးယူခံရတာဖြစ်ပြီး တစ်ရက်အကြာမှာ ပြန်တွေ့ ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ကလေးငယ်ခိုးယူခံရမှုနဲ့ ပတ်သက်ပြီး လမ်းမတော် မြို့မရဲစခန်းမှာ အမှုဖွင့်ထားပြီး ခိုးယူရတဲ့ အကြောင်းရင်းကို သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။
Credit - One News
#သတင်းဟင်းလေးအိုးကြီး