Frankie shared a post  
3 w

3 w

ကယန်း"ပဒေါင်"လူမျိုးစုနှင့်ရိုးရာယဉ်ကျေးမှု

ကယန်း(ပဒေါင်)သည် ကယန်းတိုင်းရင်းသား ၏မျိုးနွယ်စုဝင် တစ်ခုဖြစ်ပြီး ကယားပြည်နယ် အတွင်းရှိမြို့နယ်များဖြစ်သောလွိုင်ကော်၊ဒီးမော့ဆို နှင့် မယ်စဲ့မြို့များတွင် အများဆုံး နေထိုင်ကြပါတယ်။

ကယန်း(ပဒေါင်) မျိုးနွယ်စု၏ ထင်ရှားသော ပွဲတော်များမှာ တံခွန်တိုင်ပွဲတော် ၊ အိမ်သစ်တက်ပွဲ၊ ကောက်သစ်စားပွဲနှင့် နှစ်သစ်ကူး ပွဲတော်တို့ ဖြစ်ပြီးထူးခြားသည့် ပွဲတော်နေ့ ဖြစ်သည့် ကယန်းအမျိုးသားနေ့ကို အခြား ကယန်းမျိုးနွယ်စု များနှင့် အတူတကွကျင်းပပါတယ်။

ကယန်း(ပဒေါင်)အမျိုးသမီးငယ်များသည် အသက်(၄)နှစ်အရွယ်သို့ရောက်လာလျှင် ကြေးခွေ စတင်ရစ်ပတ်ကြပါတယ်။မိဘများက မိမိတို့၏ သမီးငယ် ကြေးခွေရစ်ပတ်ချိန်ရောက်ပြီဟု ယူဆလျှင် နတ်ဆရာ (သို့) ကြေးခွေပတ် ကျွမ်းကျင်သူအမျိုးသမီးကြီး ထံသို့ သွားရောက်၍ ကြေးပတ်မည့်အကြောင်းပြောဆိုရပြီး ကြက်ပျိုမတစ်ကောင်ကိုပါလက်ဆောင်အဖြစ် တစ်ပါတည်းယူဆောင်သွားရပါတယ်။။ ကြေးခွေပတ်မည့်သူက ရက်ရွေးရာတွင် လဆန်း၊ လပြည့်ရက်များကိုသာ သတ်မှတ်ရွေးချယ်ရပါတယ်။

ယခုအခါကြေးဝါရှားပါးမှု ကြောင့်လည်းကောင်း၊ ခေတ်ရေစီးကြောင်းကြောင့် လည်းကောင်း ကြေးပတ်သူနည်းပါးလာပါတယ်။
အဖိုး တန်သောရွှေ၊ ငွေများ မပျောက်စေရန် ရွှေကို အချောင်းပြုလုပ်၍ လည်ပင်းတွင် ရစ်ပတ်ထား ကြပြီး ရွှေရှားပါး လာသောအခါ ရွှေအစား ကြေးဝါကိုအသုံး ပြုလာကြသည်ဟု သိရှိရပါတယ်။

စာကြွင်း -ကယန်း (ပဒေါင်) အမျိုးသမီး ၏လည်ပင်းနှင့် ခြေထောက်တို့တွင် ရစ်ပတ် ဝတ်ဆင်ထားသော ကြေးခွေများမှာ အခေါင်းပိတ် များဖြစ်၍ စုစုပေါင်း အလေးချိန် (၇)ပိဿာ အထိ ရှိတတ်သည်။ လည်ပင်းတွင် ရစ်ပတ်ထားသော အရေအတွက်မှာ (၁၈)ရစ်မှ (၂၄)ရစ် ထိရှိပြီး ခြေထောက်တွင်မူ (၁၅)ရစ်မှ (၃၀)ရစ် ထိပတ်ထားလေ့ရှိကြသည်။ အသက်အရွယ်အလိုက် ကြေးပတ်မှု အနည်း အများရှိပါသည်။

#ancient
#history
#culture
#heritage
#frankiestories

image