ဂျနီဖာလိုပက်က ကာမလာဟဲရစ်ကို မဲဆွယ်ပေး

နိုဝင်ဘာ ၂၊ နိုင်ငံတကာ။

လတ်ဗီးဂတ်စ်မှာ လုပ်ခဲ့တဲ့ မဲဆွယ်စည်ရုံးရေးအစီအစဉ်တစ်ခုမှာ ဂျနီဖာလိုပက်က ကာမလာဟဲရစ်နဲ့အတူ စင်ပေါ်တက်ခဲ့ပြီး ဒေါ်နယ်ထရမ့်ကို ရှုတ်ချပြောဆိုခဲ့ပါတယ်။

အမေရိကန်ပိုင်နက်တွေဟာ အမှိုက်ကျွန်းမျောတွေ ဖြစ်နေပြီလို့ ထရမ့်ထောက်ခံသူတစ်ဦးက ပြောဆိုပြီးနောက် အောက်တိုဘာ ၃၁ ရက် မှာ ဂျနီဖာလိုပက်က ရှုတ်ချခဲ့တာ ဖြစ်ပါတယ်။

ဟဲရစ်ဟာ နာမည်ကြီး လက်တင်အမေရိကနွယ်ဖွားတွေရဲ့ ထောက်ခံမှုတွေ ဆက်တိုက်ရခဲ့ပေမဲ့ စစ်တမ်းတချို့မှာတော့ ထရမ့်က ထောက်ခံမှုပိုရနေတယ်လို့ ဖော်ပြပါတယ်။

ရွေးကောက်ပွဲနေ့မှာ နီဗားဒါးလို မဲရလဒ်ဆုံးဖြတ်ပေးနိုင်တဲ့ ပြည်နယ်တွေမှာ လက်တင်အမေရိကနွယ်ဖွား မဲဆန္ဒရှင်တွေရဲ့ အရေးပါတယ်ဆိုတာ ဟဲရစ်ရော၊ ထရမ့်ပါ နားလည်ထားကြတာ ဖြစ်ပါတယ်။


#သတင်းဟင်းလေးအိုးကြီး

image
image
image
image