တရုတ်မယားအဖြစ် လူကုန်ကူးမှု ဂိုဏ်းဖွဲ့ကျူးလွန်သူတွေ ဖမ်းဆီးရမိ
နိုဝင်ဘာ ၂
တရုတ်မယား အဖြစ် လူကုန်ကူးမှုအား ဂိုဏ်းဖွဲ့ပြီးကျူးလွန်နေတဲ့သူတွေကို မန္တလေး လေဆိပ်ကနေစတင်ပြီး ဖမ်းဆီးရမိ ခဲ့တယ်လို့ နစက ထုတ်ပြန် လာပါတယ်။
အဲ့ဒီဂိုဏ်းအဖွဲ့ဝင် တရုတ်နိုင်ငံသား (၁)ဦးနဲ့ အမျိုးသမီး (၃) ဦးကို မန္တလေးလေဆိပ်မှာ မသင်္ကါ ဖွယ်တွေ့ရှိစစ်ဆေးမှုကနေ တရုတ်မယား လုပ်ဖို့ စည်းရုံးခံထားရတဲ့ သူ (၁၁)ဦးကိုကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
တရုတ်မယား လုပ်ဖို့အတွက် စည်းရုံးမှုတွကို Facebook၊ Titok ၊ Wechat စတဲ့ လူမှုကွန်ယက် ကနေ ပြုလုပ်ခဲ့ပြီး မန္တလေးမြို့က ၈၆ လမ်း ၊ ကန်တော်ကြီးပတ်လမ်းအနီးမှာရှိတဲ့ သုံးထပ်တိုက်တစ်လုံးနှင့် ပြည်ကြီးတံခွန်မြို့နယ် ၆၄-D လမ်း ၁၁၅×၁၁၆ လမ်းကြားမှာရှိတဲ့ နေအိမ်တစ်လုံးတို့မှာ လူစုဆောင်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
လူကုန်ကူးမှုဂိုဏ်းအဖွဲ့ ကျူးလွန်နေတဲ့အထဲက တရုတ်နိုင်ငံသား (၃) ဦးအပါအဝင် (၆)ဦးကို ဖမ်းဆီးရမိခဲ့ပြီး (၂) ဦး ကတော့ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိတဲ့သူတွေကို သက်ဆိုင်ရာ ရဲစခန်းတွေကနေ လူကူန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က)/၄၄ နဲ့ အမှုဖွင့် အရေးယူထားကြောင်း သိရှိရပါတယ်။
#centralnewsnaypyitaw