ဝက်ဆလပ်ကို ရှယ်ပလန်နဲ့ ထိုင်စားလို့ရမယ့် ၁၈,၀၀၀ ကျပ်တန် အဝစားဘူဖေး♨️🥓
(ဘူဖေးစားရင်း Steak ပါ စားရမယ့် အခွင့်အရေး‼️)
ဒီခေတ် ကုန်ဈေးနှုန်းနဲ့ဆိုရင် တစ်ယောက် ၁၈,၀၀၀ ကျပ်နဲ့ ဝက်ဆလပ်ကို အဝအပြဲထိုင်စားလို့ရတာနဲ့တင် တော်တော်တန်တဲ့ဆိုင်…💯
ဆိုင်ကလည်း view အမိုက်စား… ရန်ကုန်မြို့ကို အပေါ်စီး ၉လွှာကနေ city view လေးကြည့်ရင်း လေတဖြူးဖြူးနဲ့ ဝက်သားကင်လေးထိုင်စားရတဲ့ တောင်ဥက္ကလာထဲက Natural Cascade ဆိုတဲ့ ဆိုင်ပါပဲ…😉
ဒီ ၁၈,၀၀၀ ကျပ်တန် ဝက်ဆလပ်ဘူဖေးထဲမှာဆို ကြက် ၊ဝက်၊ သုံးထပ်သား အကုန် အဝစားလို့ရတယ်။ အသားတစ်မျိုးပဲစားစား၊ ၃ မျိုးလုံးပဲ ရောပြီးစားစား ဒီစျေးပဲ။
သုံးထပ်သားကိုတော့ ပိုပြီး များများစားခဲ့ကြ🥓 အိစက်နေရောပဲ။ ဝက်မစားတဲ့သူတွေအတွက် ကြက်သားပါရတော့ ပိုအဆင်ပြေတယ်။
သူ့ အသားနှပ်ထားတဲ့ အရသာလေးကအစ ကြာကြာနှပ်ပေးထားတော့ အရသာဝင်ပြီး ကင်လိုက်ရင် မွှေးမွှေးအိအိလေးနဲ့ စားကောင်းနေရော..
အကင်ဗန်းပေါ် ထောပတ်ဆီလေးသုတ်၊ အသားလေးလှိမ့်ပြီး မန်ကျည်းအချဉ်လေးတို့ ဆလပ်ရွက်နဲ့ ထုပ်စားရင် ရှယ်။🥗🔥
ဒီ ဆလပ်ရွက်၊ အချဉ်နဲ့၊ ငရုတ်သီး၊ ကြက်သွန် တွေကအစ အသင့်ချပေးထားတာ။ လိုရင် ထပ်တောင်းလို့လည်းရတယ်။
အားသာချက်ကတော့ အကင်ဗန်းအကျက်မြန်လို့ အသားတွေကျက်ဖို့ အချိန်ကြာကြာစောင့်စရာမလိုဖူး။ ဘူဖေးချိန်က ၂ နာရီပေးထားတာဆိုတော့စားနိုင်ရင် တစ်ဗန်းပြီးတစ်ဗန်းသာ ကင်ခဲ့။😉
🥩A la carte စားချင်တဲ့သူတွေဆို ထိုင်ဝမ်စတိုင် NC steak မီနူးလေး အသစ်ထုတ်ထားတာရှိတယ်။
သူက hot plate ပူပူလေးပေါ် ခေါက်ဆွဲ၊
နှပ်ထားတဲ့အသား၊ ကြက်ဥလေးဖောက်ထည့်ပြီး
signature sauce အနှစ်အပြည့်ဆမ်းပေးထားတာ အရသာက ချိုချိုချဉ်ချဉ်လေး။♨️
ပူပူလေး စားရင်ပိုကောင်းတယ်။ (steak က ကြက်/ဝက် ၂မျိုးပဲ ရဦးမယ်)
Promotion အနေနဲ့ Nov တစ်လလုံး ဝက်ဆလပ် ဘူဖေးလာစားတဲ့သူတိုင်းကို Steak မီနူးအသစ် ၁ပွဲ FREE ကျွေးဦးမှာဆိုတော့ ရှယ်တန်။🔥
🍺ဘီယာလေးနဲ့ တွဲမြည်းချင်ရင်လည်း Beer ကတစ်ခွက်၂၀၀၀ ကျပ်ထဲကို 3+1 ပါ free ပေးထားတော့ အသောက်ဘော်ဒါတွေ အကြိုက်ပဲ။🫢
သွားမယ်ဆို ဆိုင်က open type မို့ နေ့လည်ခင်းဆို နေပူတာဘာညာရှိတော့ ညနေခင်း နေအေးချိန် လောက်သွားရင် ကွက်တိပဲ။ လူများတတ်လို့ မသွားခင် ဘိုကင် ကြိုတင်သွားနော်။🙌🏻
ဆိုင်နာမည်က - Natural Cascade Rooftop
☎️ ဖုန်းနံပါတ် - 09 891127676
⏰ဆိုင်ဖွင့်ချိန် - 100 AM - 100 PM
🏠 အမှတ် 717 ၊ သဒ္ဒါလမ်း၊ 4 ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ (၄/၆ ဗြဟ္မစိုရ်လမ်းအနီး)၊ ရန်ကုန်မြို့။
#naturalcascaderooftop #ဝက်ဆလပ် #porksalad #buffet #eatwithseng #foodreview #foodblog
#crd