အသေးဆုံး M4 Mac mini ကို Apple ကတရားဝင် မိတ်ဆက်လိုက်ပါပြီ !
အသေးဆုံးဖြစ်ဖို့် မျှော်လင့်ထားကြတဲ့အတိုင်း M4 Mac mini ရဲ့ size က 5” ပတ်လည်အရွယ်နဲ့ 2” လက်မ အထူသာရှိပါမယ်။
M4 chip အသုံးပြုထားတဲ့ Mac mini အသစ်က M1 Mac mini ထက် CPU မှာ 1.8x နဲ့ GPU မှာ 2.2x ပိုမိုမြန်ဆန်လာပြီး အကောင်းဆုံးဆိုတဲ့ စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်မှာပါ။
Mac mini အသစ်မှာ M4 chip Base Model အနေဖြင့်10-core CPU | 10-core GPU | RAM 16GB | SSD 256GB ဖြစ်ပြီး M4 Pro chip အနေဖြင့် 12-core CPU | 16-core GPU | RAM 24GB | SSD 512GB အဖြစ် ထွက်ရှိလာပါတယ်။
Pro Model ရဲ့ အရှေ့ဘက်မှာ USB-C နှစ်ပေါက်နဲ့အတူ အနောက်ဘက်မှာ Thunderbolt 4 ထက် 2x ကျော််ပိုမြန်တဲ့ Thunderbolt 5 port သုံးပေါက်ကို ထည့်သွင်းပေးထားပါတယ်။
အသေးဆုံးနဲ့ အကြမ်းဆုံးဆိုတဲ့ Performance ကို ပေးစွမ်းနိုင်မယ့် Mac min အသစ်ကို စျေးနှုန်းအနေဖြင့် M4 chip ကို $599 နှင့် M4 Pro chip ကို $1399 ဖြင့် Apple Store မှာဝယ်ယူနိုင်ပါတယ်။
#သတင်းဟင်းလေးအိုးကြီး