"AI နည်းပညာသုံးဒရုန်းများ ယူကရိန်း အသုံးပြုလျက်ရှိနေ။"
စစ်မြေပြင်တွင် ပစ်မှတ်များကို ဒရုန်းတွေနဲ့ ရှာဖွေတိုက်ခိုက်ရာတွင် ထိန်းကျောင်းမောင်းနှင်မည့်သူမလိုဘဲ တိုက် ခိုက်နိုင်တဲ့ ပြည်တွင်းထုတ် AI နည်းပညာအသုံးပြုစနစ်ကို ယူကရိန်းနိုင်ငံက အသုံးပြုလျက်ရှိပါသည်။
AI နည်းပညာကိုအသုံးပြုထားတဲ့ အဲဒီစနစ်တွေကြောင့် ဈေးသက်သာတဲ့ဒရုန်းများသည် ရန်သူက jamming များဖြင့် ကာကွယ်ထားသောပစ်မှတ်တွေကို ခြေရာခံရှာဖွေပြီး တိုက်ခိုက်နိုင်စွမ်းရှိသည်လို့ဆိုပါသည်။
တစ်ဖက်ရန်သူမှ ၎င်းတို့နယ်မြေတွေကို ဒရုန်းတွေနဲ့ တိုက်ခိုက်သောအခါ မြေပြင်တပ်ဖွဲ့ဝင် တွေထိန်းကျောင်း မောင်းနှင်သောဒရုန်းတွေရဲ့ ထိရောက်မှုကို လျော့ကျသွားအောင်ဆောင်ရွက်နိုင်တဲ့ jamming တွေနဲ့ ၎င်းတို့ရဲ့ နယ်မြေတွေကို ကာကွယ်နိုင်ခြင်းဖြစ်ပါသည်။
AI နည်းပညာသုံး ဒရုန်းများသည် အဆိုပါရန်သူ jamming ကာကွယ်ထားတဲ့ နယ်မြေများအတွင်းထိုးဖောက်ဝင်ရောက် တိုက်ခိုက်နိုင်ခြင်းဖြစ်သည်။
ဒရုန်းပစ်မှတ်ရှာဖွေခြင်းနဲ့ ပျံသန်းမှုထိန်းချုပ်ခြင်းနယ်ပယ်တွင် AI နည်းပညာအသုံးပြုမှု အပြောင်းအလဲသည်၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ရုရှားကျူးကျော်တိုက်ခိုက်မှုစတင်ကတည်းက နည်းပညာယှဉ်ပြိုင်မှုနယ်ပယ်တွင် အရေးပါတဲ့ အပြောင်းအလဲတစ်ခုဖြစ်ပါသည်။