25 w - Translate

ကျွန်မ ချစ်ပေးနေလို့ ပြန်ချစ်နေတာမျိုးလား ...
ချစ်လားဆိုတဲ့မေးခွန်းကိုတောင် တကူးတကမေးယူနေရတဲ့ ဆက်ဆံရေးမျိုးကို တစ်ခါတစ်လေကျတော့ အဖြေထုတ်နေမိတယ် ။ ကျွန်မကို သတိမရဘူးလားဆိုပြီး တစ်နေ့လုံး တိတ်ဆိတ်နေတဲ့ ဆက်ဆံရေးတွေကို ကျွန်မဖက်က စပြီး နေ့တိုင်း အသက်၀င်အောင် ကြိုးစားရတာပဲ မဟုတ်လား ။ ဒီမေးခွန်းလေးပေါ့ ... ကျွန်မ ချစ်ပေးနေလို့ ရှင် ပြန်ချစ်နေတာမျိုးလား ။
အင်း ... အောက်သက်သက်တော့ နိုင်တာပေါ့ ရှင်ရယ် ... သေးသေးမွှားမွှားတွေကအစ ရှင့်ကို တိုင်ပင်ချင်နေတဲ့ ကျွန်မလည်း အမှန်ပြောရရင် ရင့်ကျက်ချင်ပြီ ...ဒါမှမဟုတ် နေတတ်ချင်ပြီ ။ တစ်နေ့လုံး ... ဘာလုပ်တယ် ဘာစားတယ် ပြီးတော့ တစ်နေ့လုံး အသေးစိတ် ရှင့်ကို ပြောပြချင်နေမိတဲ့ စိတ်တွေကို ဒီရက်မှာ ထိန်းရတယ် ။ ကျွန်မ မချစ်ပဲ နေနိုင်ချင်တယ် ... အဲ့လိုမှမဟုတ်ရင်လည်း ဒီလောက်ထိ ချစ်ပြနေတာမျိုးမဟုတ်ပဲ ချစ်ခြင်းမေတ္တာကို ကန့်သတ်ထားချင်တယ် ။
ကျွန်မရှင့်ကို ချစ်တယ်ဆိုတဲ့ စကားကို တဖွဖွ ပြောနေတာမျိုးမဟုတ်ပဲ ရှင့်လိုမျိုး မေးမှပဲ ဖြေတတ်ချင်တယ် ။ ရှင်နဲ့ ပတ်သက်ပြီး အရာရာကို ပြာယာခတ်နေလောက်တဲ့အထိ မဖြစ်ချင်တော့ဘူး ။ လူတစ်ယောက်ကို ကိုယ်ကပဲ ချစ်နေရသလို ခံစားချက်ကလေ ... တော်တော်လေး အဆင်မပြေတာ ရှင်ရဲ့ ... ကျွန်မ ချစ်နေလို့ ရှင်ပြန်ချစ်နေတာလားဆိုတဲ့ အတွေးတွေ၀င်လာရင် ကျွန်မ ချစ်နေခြင်းတွေကို ရပ်တန့်ပစ်လိုက်ချင်တယ် ။ ဒါပေမယ့် ကျွန်မ ရပ်တန့်ချင်လေ ပိုတိုးပြီး ချစ်မိလေပါပဲ ။
ဖြေကြည့်ပါ ... ကျွန်မက အရမ်းချစ်နေလို့ ရှင်က အားနာပါးနာ ပြန်ချစ်နေရတာမျိုးလား ။ အဲ့လိုမျိုးဆိုရင်တော့ ... ဘယ်လောက်ပဲ ချစ်နေပါစေ ... ကျွန်မ မချစ်သလိုမျိုးပဲ နေလိုက်မိမယ်ထင်ပါတယ် ။

#ကျေးကို

image