ဝက်ခေါင်းသုပ်/ဝက်သားသုပ်
ဝက်သားကို ရေ ကြက်သွန်ဖြူဥလိုက် ဂျင်းထောင်း
သကြား ပဲငံပြာရည် နာနတ်ပွင့်ထည့်ပြီး နူးအိသည်အထိပြုတ်ပါ
ရရင်ဆယ်ပြီး အအေးခံ လှီးထားပါ
ရှောက်ရွက် ဂေါ်ဖီ ငရုတ်သီးစိမ်း
ကြက်သွန်နီ လှီးထားပါ
အပေါ်မှအစာပလာအားလုံး နဲ့ အချဉ်ရည်
ငံပြာရည် ကြက်သားမှုန့် ငရုတ်သီးမှုန့် ထည့်ပြီးသုပ်ပါ
ပဲမှုန့်ကြိုက်ရင်ထည့်ပါ
အချဥ်ရည်နီဖျော်နည်း
ရေ ဖန်ခွက်တစ်ဝက်စာ + ထန်းလျက် ၄ ခဲထည့်ကြို
ဆူပွက်လာရင် အသင့်သုံးအချဥ်ရည်နီထုပ်ဖောက်ထည့်ပြီး
၁၀ မိနစ်ခန့် မီးအေးအေးဖြင့်ကျိုပေးပါ