ပြည်ပရောက် မြန်မာတွေ ဘဏ်လမ်းကြောင်းမှငွေလွှဲလျှင် လျှပ်စစ်ကားနှင့် ဆိုင်ကယ်များ တင်သွင်းနိုင်မည်

နိုဝင်ဘာ ၁

ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ ရရှိတဲ့ လစာငွေ သို့မဟုတ် အခြားဝင်ငွေများကို ဘဏ်လမ်းကြောင်းကနေတစ်ဆင့် လွှဲပို့လျှင် လျှပ်စစ်ကားနဲ့ဆိုင်ကယ်များ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာသံရုံး(ထိုင်း)က နိုဝင်ဘာ ၁ ရက် နေ့ကထုတ်ပြန်အသိ ပေးလာပါတယ်။

မြန်မာနိုင်ငံသို့ ငွေလွှဲပို့ရာမှာ ပြည်ပငွေလွှဲ လုပ်ငန်း လိုင်စင်အရ ကုမ္ပဏီ၊ နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားတဲ့ လုပ်ငန်းလိုင်စင်ရ ဘဏ်များမှ လွှဲပို့မှသာ အကျုံးဝင် မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီလို လွှဲပို့သည့်အတွက်အကျိုးခံစားခွင့်အနေနဲ့ ပုံမှန်လစာရရှိသူ(သင်္ဘောသားများ အပါအဝင်)တစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ နှစ်သိန်းနှင့်အထက် လွှဲပို့ပါက လွှဲပို့ငွေရဲ့ ၅ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ လျှပ်စစ်သုံး မော်တော်ယာဥ် တစ်နှစ်လျှင်တစ်စီး တင်သွင်းနိုင်မယ်လို့ သိရပါတယ်။

ဒါ့အပြင် ပုံမှန်လစာရရှိသူများမှအပ အခြားဝင်ငွေရရှိသူများသည် တစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ ၅ သောင်းနှင့်အထက် လွှဲပို့ပါက လွှဲပို့ငွေရဲ့ ၅ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ လျှပ်စစ်သုံး မော်တော်ယာဥ် / ဆိုင်ကယ် တစ်နှစ်လျှင် တစ်စီးနှုန်း တင်သွင်းနိုင်တယ်လို့ သိရပါတယ်။

အဲ့ဒီလို တင်သွင်းရာမှာ တစ်ဦးတစ်ယောက်ချင်း တင်သွင်းရန် ယာဥ်တန်ဖိုး မပြည့်မီပါက စုပေါင်း၍တင်သွင်းခွင့် ရရှိမယ်လို့ သိရပါတယ်။

#centralnewsnaypyitaw

image