စည်းကမ်းဖောက်ဖျက်တဲ့ YBS ယာဥ်မောင်း ၁၀၀ ဦး ခေါ်ယူသတိပေးခံရ
နိုဝင်ဘာ ၁၊ ရန်ကုန်။
စည်းကမ်းဖောက်ဖျက်တဲ့ YBS ယာဥ်မောင်း ၁၀၀ ဦး ကို ရန်ကုန်တိုင်း ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) က ခေါ်ယူသတိပေးခဲ့တယ်လို့ သိရပါတယ်။
ယာဥ်စည်းကမ်းကို သုံးကြိမ်အထက် အကြိမ်ကြိမ် ဖောက်ဖျက်ကျူးလွန်နေတဲ့ ယာဥ်မောင်းတွေကို YRTC မှ ခေါ်ယူ သတိပေးခဲ့ပြီး စည်းကမ်းနှင့်အညီ မောင်းနှင်နိုင်စေဖို့ကိုလဲ အသိပညာပေးခဲ့တယ်လို့ သိရပါတယ်။
အများပြည်သူ ဘေးကင်းလုံခြုံတဲ့ ပို့ဆောင်မှုစနစ်ကြီး ဖြစ်စေဖို့ YBS ယာဥ်မောင်းတွေ မူးယစ်ဆေးဝါးသုံးစွဲပြီး မောင်းနှင်မှုမရှိစေရေးကိုလဲ တင်းကြပ်စွာ သတိပေးခဲ့ပါသေးတယ်။
ခရီးသည် ၁ ဒသမ ၅ သန်းခန့်ကို ယာဥ်မောင်း ၄၀၀၀ ခန့်က နေ့စဉ်ပို့ဆောင်ပေးနေရတယ်လို့ သိရပါတယ်။
#centralnewsnaypyitaw