3 w - Translate

ပေါင်တွင် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူ ၅၀ ကျော်ရှိ
--------------------
မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ ၅၀ ကျော် ဆေးရုံတက်ရောက်ကုသမှု ခံယူနေ တယ်လို့ ပေါင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက သိရပါတယ်။ အောက်တိုဘာ ၂၇ ရက် ကစပြီး ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ပတ်သက်ပြီး ပေါင်မြို့နယ် ပြည်သူ့ဆေးရုံမှာ ၂၄ ယောက်၊ အလှပ်တိုက်နယ် ဆေးရုံမှာ ၂၇ ယောက်၊ စုစုပေါင်း ၅၁ ယောက် တက်ရောက်ကုသမှု ခံယူနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူတွေရဲ့ ဝမ်းနမူနာတွေကို အမျိုးသားဓာတ်ခွဲဌာန(ရန်ကုန်)မှာ ပို့ဆောင်စစ် ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုတွေကြောင့် အလှပ်တိုက်နယ် ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းတွေနဲ့ တာဝန်ရှိသူတွေ ပူးပေါင်းပြီး ကလိုရင်းဆေးခတ်တဲ့လုပ်ငန်းတွေကို ရောဂါစတင်ဖြစ်ပွားတဲ့ နေအိမ်နဲ့ ပတ်ဝန်းကျင်တွေမှာ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

image