9 w - Translate

ခရီးတာအသွားဆုံး ဒုံးပျံတစ်စင်း ပြုံယမ်းစမ်းသပ်
------------------------
မြောက်ကိုရီးယားက တိုက်ချင်းပစ်ဒုံးပျံလို့ ယူဆရတဲ့ ဒုံးပျံစမ်းသပ်ပစ်လွှတ်မှုတစ်ခုကို ကြာသပတေးနေ့ မနက် ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ အခုပစ်လွှတ်တဲ့ ဒုံးပျံဟာ မြောက်ကိုရီး ယားလုပ်ခဲ့သမျှ ဒုံးပျံစမ်းသပ်မှုတွေထဲမှာ ခရီးတာ အသွားဆုံး ဒုံးပျံလို့လည်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ယူဆထားပါတယ်။

ဒါဟာ အမေရိကန်သမ္မတရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းသာလိုတော့တဲ့ အချိန်မှာ ပြုလုပ်တဲ့ တိုက်ချင်းပစ် ဒုံးပျံစမ်းသပ်မှုလည်း ဖြစ်ပါတယ်။ ပစ်လွှတ်ခဲ့တဲ့ ဒုံးပျံဟာ လောင်စာခဲ တွန်းကန်အားသုံးတဲ့ တာဝေး ပစ် တိုက်ချင်းပစ်ဒုံးပျံ အမျိုးအစားသစ်ဖြစ်ဖွယ်ရှိပြီး မိုင်ပေါင်း(၆၂၀)ကျော် အကွာအဝေးထိ ရောက်ရှိခဲ့တယ်လို့ တောင်ကိုရီးယား စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။ ဂျပန်အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်မှာ အဲဒီဒုံးပျံဟာ အမြင့်ပေ မိုင်(၄၃၅၀)လောက်ကနေ မိနစ် (၈၀)ကျော်ကြာ ပျံသန်းခဲ့ကာ ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုး ကျွန်းရဲ့ မြောက်ပိုင်းမှာရှိတဲ့ အိုကူရှီရီကျွန်း အနောက်ပိုင်း ဂျပန်အထူးစီးပွားရေးဇုန်ပြင်ပ ရေပြင်ထဲကို ကျရောက်ခဲ့ တဘ်လို့ ဖော်ပြထားပါတယ်။

အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီကလည်း အဲဒီပစ်လွှတ်မှုဟာ တိုက်ချင်း ပစ် ဒုံးပျံပစ်လွှတ်မှုဖြစ်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ တားမြစ်ပိတ်ပင်ချက်တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုဖြစ်တယ်လို့ ရှုတ်ချလိုက်ပါတယ်။ မြောက်ကိုရီးယားဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်စုကျော်က ပထမဆုံး နျူကလီးယားစမ်းသပ်မှု တစ်ခုကို ပြုလုပ်ခဲ့ပြီးနောက်မှာ သူ့ရဲ့ လက်နက်စနစ်တွေမှာ ထိပ်ဖူးတပ်ဆင်ပစ်ခတ်နိုင်တဲ့ စွမ်းဆောင်ရည်တွေ ရှိလာအောင် အဆင့်မြှင့်တင်မှုတွေ လုပ်လာခဲ့တာဖြစ်ပါတယ်။

image