မန်ယူလက်ထောက်နည်းပြအဖြစ် ဆက်လက်တာဝန်ယူလိုကြောင်း နစ္စတယ်ရွိုင်းပြော
မန်ချက်စတာယူနိုက်တက်အသင်းမှာ လက်ထောက်နည်းပြအဖြစ် ဆက်လက် တာဝန်ယူလိုကြောင်း နည်းပြနစ္စတယ်ရွိုင်းက ပြောကြားလိုက်ပါတယ်။
ဟော်လန်နဲ့ မန်ယူတိုက်စစ်မှူးဟောင်းဟာ ယာယီနည်းပြအဖြစ် လက်စတာနဲ့ ပထမဆုံးပွဲစဉ်မှာ ၅ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိအောင် ဦးဆောင်နိုင်ခဲ့တာပါ။
အဲဒီပွဲစဉ်အပြီးမှာတော့ အသင်းကို လက်ထောက်နည်းပြအဖြစ်ကူညီဖို့ ရောက်ရှိလာတာဖြစ်လို့ ရှေ့ဆက်ပြီးတော့လည်း ကူညီပေးသွားလိုကြောင်း နစ္စတယ်ရွိုင်းက ပြောပါတယ်။
အသင်းဆီကို ဘယ်နည်းပြချုပ်ပဲပြောင်းရွှေ့လာသည်ဖြစ်စေ ကူညီပေးသွားချင်တဲ့ဆန္ဒက ပြောင်းလဲသွားမှာမဟုတ်ကြောင်း နစ္စတယ်ရွိုင်းက ပြောပါတယ်။
နစ္စတယ်ရွိုင်းဟာ လက်စတာနဲ့ပွဲကြိုသတင်းစာရှင်းလင်းပွဲမတက်ခဲ့ပေမဲ့ ချဲလ်ဆီးနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို တော့ လာရောက် ဖြေကြားသွားမှာ ဖြစ်ပါတယ်။
DVB