နည်းပညာဆိုတာ အဲဒါပဲ
နူကလီးယားအစမ်းသုံးကဒ်
နူကလီးယားသတင်းတွေအတော်လေးခေတ်စားလာလေတော့ နူကလီးယားနဲ့ပတ်သက်ပြီး Simulation လုပ်နိုင်တဲ့ Website တွေကို ပညာယူနိုင်ဖို့ဖော်ပြပေးချင်ပါတယ်။ ဒီ Website တွေက တက္ကသိုလ်တွေက Independent Research လုပ်ပြီး ဗုံးကြဲလာရင် ဘာဖြစ်နိုင်မလဲ။ ဘယ်လောက်ထိပျက်စီးမလဲ၊ ဘယ်နေရာကိုကြဲရင် ဘယ်လိုထိခိုက်မလဲဆိုတာအထိ အသေးစိတ်တွက်ပေးထားတာတွေပါပါတယ်။
ပထမတစ်ခုက nuclearsecrecy.com ပါ။ ကမ္ဘာ့မြေပုံပေါ်က ကြိုက်တဲ့နေရာကို ရွေးပြီး ကြဲချင်တဲ့ Bomb အမျိုးအစားကိုပါရွေးနိုင်ပါတယ်။ ပြီးတာနဲ့ ဒေတာတွေကိုတွက်ချက်ပြီး ဘယ်လောက်ထိ ထိခိုက်ပျက်စီးတာတွေဖြစ်မယ်။ ဘယ်နေရာတွေထိခိုက်မယ်။ ဘယ်လိုနေရာတွေက လွတ်မယ်ဆိုတာတွေထိ အသေးစိတ်ပါဝင်ပါတယ်။ Website ကတော့ကြာနေပါပြီ။ ဒါပေမယ့် အတော်လေး အချက်အလက်ပြည့်စုံတဲ့ Website ပဲဖြစ်ပါတယ်။
နောက်တစ်ခုကတော့ ပိုပြီး Graphics ကောင်းကောင်းနဲ့ပြထားတဲ့ Website ပါ။ Outrider.org ပဲဖြစ်ပါတယ်။ သူကတော့ Simulator ကပိုလန်းတဲ့အပြင် နူကလီးယားနဲ့ပတ်သက်တဲ့ သမိုင်းကြောင်းတွေ၊ ဆောင်းပါးတွေ၊ သုံးသပ်ချက်တွေကိုပါ ဖတ်နိုင်တဲ့နေရာပါ။
နောက်ဆုံးတစ်ခုက tutorials.nti.org ပဲဖြစ်ပါတယ်။ နူကလီးယားထုတ်လုပ်ပုံကနေစပြီး လက်နက်ဖြစ်လာပုံအထိ ရှင်းပြချက်တွေကို ဒီနေရာမှာဖတ်ရှုနိုင်ပါတယ်။ နူကလီးယားစစ်ပွဲဖြစ်လာခဲ့ရင်ဘာလုပ်မလဲ၊ အသက်ရှင်ကျန်ခဲ့ရင် ဘယ်လိုနေရာကိုပြေးမလဲ၊ ဘယ်လိုတွေ Survive လုပ်မလဲဆိုတဲ့ လမ်းညွန်တွေကိုပါဖတ်နိုင်တဲ့နေရာတစ်ခုပါ။
ဒီလောက်ဆိုရင် နူကလီးယားနဲ့ပတ်သက်လို့ အတော်လေးတီးခေါက်ကြည့်လို့ရမယ်လို့ထင်ပါတယ်။
အခရာပရိသတ်တွေလည်း တစ်ကယ်လို့ မလွှဲသာမရှောင်သာဒီလိုဖြစ်လာခဲ့ရင် ဘာလုပ်ကြမလဲ?
Credit to Akhayar Tech