4 w - Translate

နည်းပြ တန်ဟတ်ဂ်၏ အဆိုးရွားဆုံး ကစားသမားခေါ်ယူမှု ၂ ခုကို ဂယ်ရီနဗီးလ် ထောက်ပြ

မန်ယူကနေ ထုတ်ပယ်ခံလိုက်ရတဲ့နည်းပြတန်ဟတ်ဂ်ရဲ့ အဆိုးရွားဆုံးကစားသမားခေါ်ယူမှု ၂ ခုကို ဂယ်ဂီနဗီးလ်က ထောက်ပြသွားပါတယ်။

နည်းပြတန်ဟတ်ဂ်ဟာ မန်ယူအသင်းနဲ့ ပထမနှစ်ရာသီအတွင်းမှာ ဆုဖလား ၂ လုံးရယူပေးခဲ့ပြီး ဒီအချက်က ဝေဖန်ထောက်ပြဖို့ ခက်ခဲစေကြောင်း ဂယ်ရီနဗီးလ်က ပြောပါတယ်။

ဒါပေမဲ့ သူရဲ့ သက်တမ်းအတွင်း ကစားသမားခေါ်ယူမူတွေမှာတော့ အဆိုးရွားဆုံး ခေါ်ယူမှု ၂ ကြိမ်ရှိကြောင်း နဗီးလ်ကပြောပါတယ်။

အဲဒီခေါ်ယူမှုတွေကတော့ ကွင်းလယ်လူ ကတ်စမီရိုနဲ့ တောင်ပံ ကစားသမား အန်တိုနီတို့ ဖြစ်ကြောင်း ၂ ယောက်အတွက် ပေါင် သန်း ၁၅၀ လောက်ပေးလိုက်ရတာက ဘရန့်ဖို့ဒ်နဲ့ ဘရိုက်တန် ၂ သင်းကို ရှုံးနိမ့်အပြီးမှာ အယောင်ယောင်အမှားမှားလုပ်လိုက်တာဖြစ်တယ်လို့ နဗီးလ်က ပြောပါတယ်။

ဒါပေမဲ့ မိမိရဲ့သုံးသပ်ချက် မှားယွင်းဖို့ မျှော်လင့်ပြီး ကတ်စမီရိုနဲ့ အန်တိုနီတို့နှစ်ယောက်အနေနဲ့ နောက်ထပ်နှစ်တွေကြာတဲ့အထိ စွမ်းဆောင်ရည်ကောင်းပြသနိုင်ဖို့ မျှော်လင့်ကြောင်း နဗီးလ်က ပြောသွားပါတယ်။
DVB

image