4 w - Translate

ဗဟိုဘဏ်က ဒေါ်လာ ၉ သန်းခွဲကျော်နှင့် ဘတ်သန်း ၁၅၀ ကျော် ရောင်းပေး
---------------------------
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံငွေကြေးဈေးကွက်မှာ အောက်တိုဘာ ၃၀ ရက်က အမေရိကန်ဒေါ်လာ ၉ သန်းခွဲကျော်နဲ့ ဘတ်သန်း ၁၅၀ ကျော်ကို ထုတ်ရောင်းပေးခဲ့တယ်လို့ ထုတ်ပြန်တဲ့စာရင်းတွေအရ သိရပါတယ်။ အဲဒီနေ့မှာ ငွေလဲနှုန်း ၃၅၇၂ ကျပ်နဲ့ ကန်ဒေါ်လာ ၉ သန်းခွဲကျော်၊ ငွေလဲနှုန်း ၅၂၆ ဒသမ ၇၀ ကျပ်နဲ့ ယွမ် ၂ သန်း ကျော်၊ ငွေလဲနှုန်း ၁၂၄ ဒသမ ၃၈ ကျပ်နဲ့ ဘတ်သန်း ၁၅၆ သန်းကျော်ထိ ထုတ်ရောင်းပေးခဲ့တာလို့ ထုတ်ပြန် ချက်အရ သိရပါတယ်။

အခုလို ဗဟိုဘဏ်က ဒေါ်လာတွေ ထုတ်ရောင်းပေးတဲ့အတွက် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် အဆင် ပြေ နိုင်ပြီး ပြင်ပဈေးကွက်မှာ ငွေလဲနှုန်းကျဆင်းလာနိုင်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တချို့က ပြောဆို ထားပါတယ်။ ဒါ့အပြင် အခုဘဏ္ဍာနှစ် ဧပြီလကနေ အောက်တိုဘာလအထိ ခုနစ်လအတွင်း စက်သုံးဆီ၊ စားသုံးဆီနဲ့ သွင်းကုန် လုပ်ငန်းရှင်တွေအတွက် အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော် ထုတ်ရောင်းပေးထားတယ်လို့ မြန်မာနိုင်ငံ တော်ဗဟို ဘဏ်ကနေ သိရပါတယ်။

image