ဗဟိုအမျိုးသမီးဆေးရုံကြီးမှ ပျောက်ဆုံးခဲ့သည့် ကလေ-းငယ်အား ပျောက်ဆုံးပြီး (၁)ရက်အကြာ သုဝဏ္ဏမြို့နယ်၌ ပြန်လည်တွေ့ရှိ
ရန်ကုန်မြို့ ဗဟိုအမျိုးသမီးဆေးရုံကြီးမှ ပျောက်ဆုံးခဲ့သည့် ကလေ-းငယ်အား ပျောက်ဆုံးပြီး (၁)ရက်အကြာ ယနေ့ အောက်တိုဘာ (၃၁)ရက် နေ့လယ်ပိုင်းတွင် သုဝဏ္ဏမြို့နယ်၌ ပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။
အဆိုပါ ကလေ-းငယ်အား အောက်တိုဘာ (၃၀)ရက်၊ နံနက် (၄)နာရီကျော်အချိန်တွင် ခိုးယူခံခဲ့ရခြင်းပြီး မိသားစုဝင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ လိုက်လံစုံစမ်းရှာဖွေခဲ့ရာမှ ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ ပြန်ရှာတွေ့ပါပြီ။ သုဝဏ္ဏဘက်မှာ ပြန်တွေ့တာပါ။ အခုတော့ ရုံးမှာ ကျူးလွန်သူတွေနဲ့ အမှုကို ဖြေရှင်းနေကြတယ်ပေါ့နော်။ အကြောင်းစုံကို ပြန်ပြောပါ့မယ်။” ဟု မိသားစုဝင်နှင့် နီးစပ်သူ တစ်ဦးက ပေါ်ပြုလာနယူးစ်သို့ ပြောသည်။
အဆိုပါ ဗဟိုအမျိုးသမီးဆေးရုံကြီးမှ ပျောက်ဆုံးခဲ့ရသည့် ကလေ-းငယ် အသက်မှာ ရက်ပိုင်း အရွယ်သာရှိသေးပြီး ကျန်းမာရေး မကောင်းသဖြင့် ဆေးကုသမှုခံယူနေရာမှ ခိုးယူခံရခြင်းဖြစ်ပြီး လက်ရှိတွင် ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိထားရာ တရားဥပဒေအရ ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။