Hal Sal Yon (Facebook) အကောင့်ပိုင်ရှင်ဖြစ်သူကို သာသနာတော်ညှိုးနွမ်းစေမှု ပုဒ်မဖြင့် ဖမ်းဆီးထိန်းသိမ်း
အောက်တိုဘာ ၃၁၊ နေပြည်တော်။
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်၍ လူမှုကွန်ယက် စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့် Her Sal Yon (Ko King) အကောင့်ပိုင်ရှင်ဖြစ်သူကို သာသနာတော် ညှိုးနွမ်းစေမှု ပုဒ်မ (၂၉၅) (က) ဖြင့် ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သိရသည်။
အောက်တိုဘာလ (၂၉)ရက်က ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် အမှတ် (၉)ရပ်ကွက်နေ ရှိုင်းထက်အောင် (ခ) ဗွီးထက်ကူးမားအား ညနေ (၆)နာရီ (၄၀)မိနစ်တွင် လှိုင်မြို့မ ရဲစခန်း၌ တရားဥပဒေနှင့်အညီ ဖမ်းဆီး ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။
ရှိုင်းထက်အောင် (ခ) ဗွီးထက်ကူးမား ဖမ်းဆီးထိန်းသိမ်းခံရခြင်းသည် “ဂျစ်ကားစီးဖူးသလား ဂျားကစ်ဆားဘူးသရီး” ရုပ်ရှင်ဇာတ်ကားကြီးကို ဝေဖန်ခြင်းကြောင့် မဟုတ်ဘဲ ၎င်း၏ Facebook အကောင့်တွင် ယခင်က တင်ထားခဲ့သည့် ဗုဒ္ဓဘာသာကို လှောင်ပြောင်စော်ကားထားသည့် ဘာသာရေးဆိုင်ရာ Facebook ပို့စ်များကြောင့် ဖြစ်ကြောင်း သိရသည်။
#centralnewsnaypyitaw